အဘယ်ကြောင့် အမေရိကန် ကုမ္ပဏီကြီးများမှ အဆင့်မြင့် မန်နေဂျာများ ကိုယ်စားလှယ်အဖွဲ့ ယခုတွင် တရုတ်နိုင်ငံသို့ လာရောက်ကြ သနည်း

(GMT+08:00)2024-07-26 10:33:39  

မကြာခင် ရက်များက FedEx၊ Goldman Sachs၊ Apple၊ Boeingနှင့် Micron Technology အပါအဝင် အမေရိကန် ကုမ္ပဏီကြီးများမှ အဆင့်မြင့် မန်နေဂျာများဖြင့် ဖွဲ့စည်းသော  ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ သည် တရုတ် နိုင်ငံသို့ လာရောက် ခရီးလှည့်လည်ခဲ့ သည်။ ယခုအကြိမ် ခရီးစဉ်သည် အချိန်ကိုက် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ယခုလ ၁၈ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် တရုတ် ကွန်မြူနစ်ပါတီ အကြိမ် ၂၀မြောက် ဗဟို ကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေးတွင် တရုတ် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု အတွက် လမ်းကြောင်းပြ မြေပုံသစ်ကို ရေးဆွဲချမှတ်ပြီး ကမ္ဘာအား တရုတ် နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု တိုးချဲ့ဆောင်ရွက်ရန် စိတ်ပိုင်းဖြတ်မှုကို ပြသခဲ့ခြင်းကြောင့် ဖြစ်သည်။ အမေရိကန် ကုမ္ပဏီကြီးများမှ အဆင့်မြင့် မန်နေဂျာများ ကိုယ်စားလှယ်အဖွဲ့ ယခုတွင် တရုတ်နိုင်ငံသို့ လာရောက် ခရီးလှည့်လည်ခြင်းသည် တရုတ်  ပြုပြင်ပြောင်းလဲမှု တစ်ဆင့်တိုး ဘက်စုံ နက်ရှိုင်းစွာ ဆောင်ရွက်ရေး  မူဝါဒ ဆိုင်ရာ စီစဉ် ပေးမှုကို သိရှိ နားလည်ရန်နှင့် အပြန်အလှန် အကျိုးရှိစေမည့် အခွင့်အလမ်းများကို ရရှိရန် ၄င်းတို့၏ ပြင်းပြသော မျှော်လင့်ချက်နှင့် စိတ်ဆန္ဒကို ပြသနေကြောင်း အကဲခတ် ပုဂ္ဂိုလ် အချို့က ယူဆကြပါသည်။

သက်ဆိုင်ရာ နောက်ဆုံးစာရင်းအရ ယခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် တရုတ် ပြည်တွင်း ထုတ်လုပ်မှု စုစုပေါင်း ပမာဏမှာ ယွမ်ငွေ ၆၁.၇ ထရီလီယံ ရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်း ကထက် ၅ရာခိုင်နှုန်း တိုးလာကြောင်း သိရသည်။ မကြာခင်က နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့သည် ယခုနှစ် တရုတ် စီးပွားရေး ခန့်မှန်းခြေ တိုးနှုန်းကို တိုးမြှင့်ခဲ့ပါသည်။  တရုတ် ကွန်မြူနစ်ပါတီ အကြိမ် ၂၀မြောက် ဗဟို ကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေးတွင် ယခုနှစ် တစ်နှစ်ပတ်လုံး စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များကို အကောင်အထည် ဖော်ဆောင်ရန် ဦးလည်မသုန် ကြိုးပမ်း ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း အလေးထား ဖော်ပြခဲ့ သည်။ ထို့ကြောင့် အမေရိကန် ကုမ္ပဏီကြီးများမှ တာဝန်ခံများသည် တရုတ် နိုင်ငံသို့ လာရောက်ပြီး ပူးပေါင်းဆောင်ရွက်မှု ရှာဖွေ ရန် ယုံကြည်မှု ပိုမို ခိုင်မာလာပါသည်။

တရုတ် ကွန်မြူနစ်ပါတီ အကြိမ် ၂၀မြောက် ဗဟို ကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေးတွင် ချမှတ်ခဲ့သည့် “အဆင့်မြင့်မားသော နိုင်ငံခြားသို့ တံခါးဖွင့်မှု စနစ် ကောင်းမွန်ပြည့်စုံစေရေး” ဆိုင်ရာ စီစဉ်ပေးမှု၌ တရုတ် နိုင်ငံ၏ အလွန်ကြီးမားသည့် ဈေးကွက် ဖြစ်သည့် အားသာချက်ကို အမှီသဟဲပြုပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရာတွင် တံခါးဖွင့်မှု ဆောင်ရွက်နိုင်စွမ်းကို တိုးမြှင့်ရန် ဖြစ်ကြောင်း ဖော်ပြ ထားပါ သည်။ ဈေးကွက်နှင့် ပူးပေါင်းဆောင်ရွက်မှုတို့သည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင် ရေး အတွက် သော့ချက် ၂ခု ဖြစ်ပါသည်။ ထို့အပြင်၊ တရုတ် နိုင်ငံသည် ချိတ်ဆက်မှု ဖြတ်တောက်ခြင်းကို အမြဲ ဆန့်ကျင်ပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်ရေးကို အမြဲ နှိုးဆော် တိုက်တွန်းပါသည်။ ယင်းသည် စီးပွားရေး ဥပဒေသနှင့် လိုက်လျောညီထွေ ဖြစ်ပြီး အမေရိကန် ကုမ္ပဏီများ၏ အကျိုးစီးပွားနှင့် ကိုက်ညီပါသည်။

တရုတ် ဈေးကွက်ကြီးသည် ကမ္ဘာ အတွက် ကြီးမားသည့် အခွင့်အလမ်းများ ဖြစ်သည်။ တရုတ် ဖွံ့ဖြိုးတိုးတက်မှုသည် မြင့်မားသော သေချာမှုနှင့် ဆက်တိုက် ကျင့်သုံးမှု ရှိပြီး ကမ္ဘာ အတွက် တည်ငြိမ်သေချာသော မျှော်လင့်ချက် ဖြစ်ပါသည်။ အနာဂတ်တွင် တရုတ် ကွန်မြူနစ်ပါတီ အကြိမ် ၂၀မြောက် ဗဟို ကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေးမှ ချမှတ်ခဲ့သော ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ အရေးကြီး ဆောင်ရွက်ချက် အချက် ၃၀၀ကို အဆက်မပြတ် လက်တွေ့ ဖော်ဆောင်လာသည်နှင့် အမျှ တရုတ် ဈေးကွက်၏ ရှင်သန်မှုများကို အဆက်မပြတ် တိုးပွားစေမည် ဖြစ်ပြီး တရုတ် အသွင်ပုံစံ ခေတ်မီရေး အတွက် တွန်းအားများကို ဖော်ဆောင်ပေးမည် ဖြစ်ကာ အမေရိကန် ကုမ္ပဏီများ အပါအဝင် နိုင်ငံ အသီးသီးမှ လုပ်ငန်း ကုမ္ပဏီများ အတွက် ပိုမို များပြားသည့် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများကို ဖန်တီးပေးမည် ဖြစ်သည်။