"ခေတ်သစ်တွင် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုဘက်စုံဇောက်ချပြုလုပ်ရေးမှ ကမ္ဘာအတွက် ဆောင်ကြဉ်းလာသော အခွင့်အလမ်းများ" တစ်ကမ္ဘာလုံးဆွေးနွေးပွဲကို တောင်အာဖရိကနိုင်ငံ Johannesburg ၌ ကျင်းပ

(GMT+08:00)2024-07-26 15:11:19  

ဒေသစံတော်ချိန် ဇူလိုင်လ ၂၄ရက်နေ့က China Media Groupမှ ဦးစီးကျင်းပသော "ခေတ်သစ်တွင် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုဘက်စုံဇောက်ချပြုလုပ်ရေးမှ  ကမ္ဘာအတွက် ဆောင်ကြဉ်းလာသော အခွင့်အလမ်းများ"တစ်ကမ္ဘာလုံးဆွေးနွေးပွဲကို တောင်အာဖရိကနိုင်ငံ Johannesburg ၌ ကျင်းပခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံသည် ဗီဒီယိုဖြင့် အမှာစကား ပြောကြားခဲ့ပါသည်။ တောင်အာဖရိက မီဒီယာများ၊ တတ်သိပညာရှင်များ၊ ငွေရေးကြေးရေး နှင့် စက်မှုကုန်သွယ်ရေး အသိုင်းအဝိုင်းများမှ ဧည့်သည်တော် ၁၂၀ ကျော် တက်ရောက် ခဲ့ပါသည်။

အခမ်းအနားတွင် တက်ရောက်သော ဧည့်သည်တော်များသည် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး၊ တံခါးဖွင့်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အတွေ့အကြုံများ၊ သိပ္ပံ နည်းပညာ ဆန်းသစ်တီထွင်မှုဆိုင်ရာ အောင်မြင်မှုများစသည့် အကြောင်းအရာများကို တက်ကြွစွာ ဆွေးနွေးခဲ့ကြပါသည်။ ခေတ်သစ်တွင် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုကို တစ်ဆင့်တိုး ဘက်စုံဇောက်ချပြုလုပ်ရေးနှင့် တရုတ်အသွင်ပုံစံ ခေတ်မီရေးကို တွန်းအား ပေးရေးသည် အာဖရိကနိုင်ငံများအတွက် ပိုမိုများပြားသော အခွင့်အလမ်းသစ်များ ဆောင် ကြဉ်း ပေးမည်ဖြစ်ပြီး အဆင့်မြင့်မားသော တရုတ်-အာဖရိက ကံကြမ္မာတူ အသိုက်အဝန်း အတူတည်ဆောက်ရန် အားသစ်လောင်ပေးမည်ဖြစ်ကြောင်း တက်ရောက် သူများက ယူဆခဲ့ကြပါသည်။