ရှီကျင့်ဖိန်၏အထူးကိုယ်စားလှယ် ဝမ်ဟုနင်သည် ဗီယက်နမ်သို့ သွားရောက်ပြီး ငုယင်ဖူထရွန်၏ဝမ်းနည်းကြေကွဲခြင်း အခမ်းအနားသို့ တက်ရောက်

(GMT+08:00)2024-07-26 15:29:01  

ဇူလိုင်လ ၂၅ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ ဗဟို‌ ကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ်၊ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့အမြဲတမ်းအဖွဲ့ဝင်၊ တရုတ် ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဝမ်ဟုနင်သည် တရုတ်ကွန်မြူနစ်ပါတီကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်ပြီး ဗီယက်နမ်နိုင်ငံ ဟနွိုင်း မြို့တော် ၌ ဗီယက်နမ်ကွန်မြူနစ်ပါတီဗဟို ကော်မတီ အထွေထွေအတွင်းရေးမှူး ငုယင် ဖူထရွန်၏ ဝမ်းနည်းကြေကွဲခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့၍ ဗီယက်နမ် နိုင်ငံတော်ဥက္ကဋ္ဌ Tô Lâm ၊ ဗီယက်နမ်ဝန်ကြီးချုပ် Phạm Minh Chính စသော ဗီယက်နမ် ကွန်မြူနစ် ပါတီ ဗဟို ကော်မတီ ခေါင်းဆောင်များနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။

Tô Lâm စသော ဗီယက်နမ်ခေါင်းဆောင်များနှင့် တွေ့ဆုံနှုတ်ဆက်ရာတွင် ဝမ်ဟုနင်က ရဲဘော် ငုယင်ဖူထရွန်၏ကွယ်လွန်ခြင်းသည် ဗီယက်နမ်ဆိုရှယ်လစ်လုပ်ငန်းတင် မကဘဲ လူသားတို့ ငြိမ်းချမ်းရေးနှင့်တိုးတက်ရေးလုပ်ငန်းများ၏ နစ်နာဆုံးရှုံးမှုဖြစ်ကြောင်း၊ ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ခိုင်မာသော ဦးဆောင်မှုဖြင့် ဗီယက်နမ် ကွန်မြူနစ် ပါတီသည် ရဲဘော် ငုယင်ဖူထရွန်၏ ပါတီနှင့်နိုင်ငံကို စီမံအုပ်ချုပ်ရေး အတွေးအခေါ်ကို ဆက်ခံပြီး ဖွံ့ဖြိုးတိုးတက်စေမည်မှာ သေချာပြီး ဗီယက်နမ်ပြည်သူများကို ညီညွတ်စွာဦးဆောင်၍ ဗီယက်နမ် ကွန်မြူနစ်ပါတီ ၁၃ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံတွင် တင်ပြသော တာဝန်များကို ချောမောစွာပြီးမြောက်ကာ ဗီယက်နမ် ကွန်မြူနစ်ပါတီ ၁၄ကြိမ်မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံ ကျင်းပခြင်းကို  ကြိုဆိုရန် ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။

ဟနွိုင်းမြို့တော်၌ ဝမ်ဟုနင်သည် ချိန်းထားသည့်အတိုင်း ဝမ်းနည်းကြေကွဲခြင်း အခမ်းအနားသို့ တက်ရောက်လာသော ကျုးဘားကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ကျူးဘားပြည်လုံးဆိုင်ရာ ပြည်သူ့အာဏာ ကွန်ဂရက် ဥက္ကဋ္ဌ Lazoနှင့်လည်း တွေ့ဆုံခဲ့ ကြောင်း သတင်းအရ သိရှိရ သည်။