ဒေသ စံတော်ချိန် ယခုလ ၂၅ရက်နေ့က တရုတ်၊ အင်္ဂလိပ်နှင့် ပြင်သစ် စသည့် ဘာသာများဖြင့် “China Media Group၏ အိုလံပစ် အားကစားပြိုင်ပွဲ တိုက်ရိုက်ထုတ်လွှင့်မှု နည်းပညာ ဆန်းသစ်တီထွင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံစာ”ကို ပါရီတွင် ထုတ်ပြန်ခဲ့ ပါသည်။ တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုန်နှင့် အိုလံပစ် ထပ်ဆင့်ထုတ်လွှင့်ရေး ဝန်ဆောင်မှု ကော်ပိုရေးရှင်း CEO Yiannis Exarchosတို့သည် ပါရီမြို့ရှိ အိုလံပစ် အားကစား ပြိုင်ပွဲ နိုင်ငံတကာ ထုတ်လွှင့်ဖြန့်ချိရေး စင်တာ(IBC)ရှိ China Media Group၏ စတူဒီယိုတွင် ကျင်းပခဲ့သော ထုတ်ပြန်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။
“China Media Group၏ အိုလံပစ် အားကစားပြိုင်ပွဲ တိုက်ရိုက်ထုတ်လွှင့်မှု နည်းပညာ ဆန်းသစ်တီထွင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံစာ”ကို ပါရီတွင် ထုတ်ပြန်ခဲ့
(GMT+08:00)2024-07-26 10:35:59