နိုင်ငံတကာ အိုလံပစ်ကော်မတီဥက္ကဋ္ဌ Bach သည် China Media Group မှ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ

(GMT+08:00)2024-07-26 15:12:16  

ဇူလိုင်လ ၂၅ ရက်နေ့ နေ့လယ်တွင် နိုင်ငံတကာ အိုလံပစ်ကော်မတီဥက္ကဋ္ဌ Bach သည် China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံ ဦးဆောင်သည့်အဖွဲ့နှင့် ပါရီမြို့၌ တွေ့ဆုံခဲ့ပါသည်။ Bach က ပါရီအိုလံပစ်အားကစားပြိုင်ပွဲထုတ်လွှင့်မှုအတွက် China Media Group ၏ ဂရုတစိုက် ပြင်ဆင်မှုများအပေါ် ကျေးဇူးတင်ရှိကြောင်း၊ Win-Win ရလဒ်များ ဆက်လက် ရရှိစေရန် အတွက် နိုင်ငံတကာ အိုလံပစ်ကော်မတီသည် China Media Group နှင့် ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ရှင့်ဟိုင်ရှုံက အိုလံပစ်စိတ်ဓာတ်နှင့် တရုတ်အားကစားစိတ်ဓာတ် ထွန်းကားစေခြင်းသည် China Media Group ၏ တာဝန်ဖြစ်ကြောင်း၊ မိမိတို့သည် နိုင်ငံတကာ အိုလံပစ်ကော်မတီနှင့် ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေပြီး အိုလံပစ်အားကစား၏ ပျံ့နှံ့မှုကို မြှင့်တင်ရန် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။