တရုတ်-ရုရှား စစ်တပ်တို့သည် ၈ ကြိမ်မြောက် ပူးတွဲ မဟာဗျူဟာလေကြောင်းကင်းလှည့်မှုကိုဆောင်ရွက်

(GMT+08:00)2024-07-26 14:21:15  

တရုတ်-ရုရှားစစ်တပ်တို့ကြား နှစ်ပတ်လည်ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အရ ဇူလိုင်လ ၂၅ ရက်နေ့တွင် နှစ်ဖက်တို့သည် ဘာရင်းပင်လယ်ပြင်ရှိ သက်ဆိုင်ရာလေပိုင်နက်တွင် ပူးတွဲ မဟာဗျူဟာ လေကြောင်းကင်းလှည့်မှုကို ဆောင်ရွက်ခဲ့သည်။

၎င်းဆောင်ရွက်မှုသည် ၂၀၁၉ ခုနှစ်မှစတင်၍ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်မှစီစဉ်ကျင်းပသည့် အဋ္ဌမ အကြိမ်မြောက် မဟာဗျူဟာမြောက် လေကြောင်းကင်းလှည့်မှုဖြစ်ပြီး နှစ်နိုင်ငံလေတပ် ပူးပေါင်းဆောင်ရွက်မှုအဆင့်ကို စစ်ဆေးတိုးမြှင့်ပြီး နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှုနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပါသည်။ ဤလုပ်ဆောင်ချက်သည် တတိယဘက်ကို ပစ်မှတ်ထားခြင်း မဟုတ်ဘဲ သက်ဆိုင်ရာ နိုင်ငံတကာ ဥပဒေများနှင့် ကျင့်ထုံးများကို လိုက်နာခြင်းဖြစ်ပြီး လက်ရှိ နိုင်ငံတကာနှင့် ဒေသတွင်း အခြေအနေနှင့် မဆိုင်ကြောင်း သတင်းအရ သိရပါသည်။