ဖိလစ်ပိုင်နိုင်ငံ မြို့တော်တွင် သဘာဝဘေးကျရောက်နေပြီး နေရာအများအပြားတွင် အလုပ်နှင့် ကျောင်းများ ပိတ်ထားရကြောင်း ကြေညာ

(GMT+08:00)2024-07-25 15:14:50  

တိုင်ဖွန်း Geme မုန်တိုင်းဒဏ်ကြောင့် ဖိလစ်ပိုင်ရှိ နေရာအများအပြားတွင် ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်းခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာမြို့တွင် သဘာဝဘေးအန္တရာယ် ကျရောက်မှု အခြေအနေကို ကြေညာခဲ့သည်။

၂၄ ရက်နေ့ မနက်အစောပိုင်းမှစပြီး ဖိလစ်ပိုင်အမျိုးသားမိုးလေဝသဌာနက မြို့တော်မနီလာအပါအဝင် နေရာအတော်များများအတွက် အနီရောင်မိုးရွာသွန်းမှု သတိပေးချက် ထုတ်ပြန်ထားသည်။ နိုင်ငံတစ်ဝှမ်း မြို့များစွာရှိ အစိုးရဌာနများနှင့် အစိုးရပိုင်ကျောင်းများလည်း ပိတ်ထားကြောင်း ကြေညာထားသည်။ တိုင်ဖွန်းမုန်တိုင်းကြောင့် လေကြောင်းခရီးစဉ် ရာနဲ့ချီ ဖျက်သိမ်းခဲ့သည်။