၅၇ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် ကျင်းပ

(GMT+08:00)2024-07-25 15:13:08  

ဒေသစံတော်ချိန် ယခုလ ၂၅ ရက်နေ့က ၅၇ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးကို လာအိုနိုင်ငံ ဗီယင်ကျန်း အမျိုးသားကွန်ဗင်းရှင်းစင်တာ၌ ကျင်းပပါသည်။ အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အစိုးရအရာရှိများ တက်ရောက်ပြီး၊ ဒေသတွင်းနှင့် နိုင်ငံတကာစိုးရိမ်သော ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးဖလှယ်ကြမည်။ အစည်းအဝေးများ ၂၇ ရက်နေ့တွင် ပြီးစီးမည်ဟု သတင်းအရသိရပါသည်။