Ding Xuexiang သည် ရုရှား ခေါင်းဆောင်များနှင့်အတူ တရုတ်-ရုရှား နှစ်နိုင်ငံ အစည်းအဝေးများကို ကြီးမှူးကျင်းပ

(GMT+08:00)2024-07-25 16:14:53  

ယခုလ ၂၁ရက်နေ့မှ ၂၃ရက်နေ့အထိ တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်း အဖွဲ့ဝင်၊ နိုင်ငံတော် ကောင်စီ ဒုတိယ ဝန်ကြီးချုပ် Ding Xuexiangသည် ရုရှားသို့ ခရီးလှည့်လည်ပြီး ရုရှား ဒုဝန်ကြီးချုပ်-၁ မန်တူရိုဗ်နှင့် တရုတ်-ရုရှား ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ၁၁ကြိမ်မြောက် အစည်းအဝေးကို အတူ ကြီးမှူးကျင်းပကာ ရုရှား ဒုဝန်ကြီးချုပ် နိုဗတ်နှင့် တရုတ်-ရုရှား စွမ်းအင် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ၂၁ကြိမ်မြောက် အစည်းအဝေးကို အတူ ကြီးမှူးကျင်းပ၍ အဋ္ဌမ အကြိမ်မြောက် တရုတ်-ရုရှား စွမ်းအင် ကုန်သွယ်ရေး ဖိုရမ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး သမ္မတ ရှီကျင့်ဖိန်၏ ဂုဏ်ပြုလွှာကို ဖတ်ကြားကာ အမှာစကားလည်း ပြောကြားခဲ့ကြောင်း China Mediaမှ သတင်းအရ သိရပါသည်။