တရုတ်နှင့် ယူကရိန်းနိုင်ငံခြားရေး ဝန်ကြီးများသည် ယူကရိန်းအကျပ်အတည်း ကိုင်တွယ်ဖြေရှင်းရေးနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေး

(GMT+08:00)2024-07-25 15:11:56  

ဇူလိုင်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ကွမ်ကျိုးမြို့၌ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး Kuleba နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ယင်းနှင့်ပတ်သက်၍ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်မှ ဝမ်ယိ က တရုတ်နှင့်ယူကရိန်းတို့သည် အချင်းချင်း ချစ်ကြည်ရင်းနှီးသည့် နိုင်ငံများဖြစ်ပြီး လွန်ခဲ့သည့် ဆယ်နှစ်ကျော်က မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ထားရှိခဲ့ပြီဖြစ်ကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးကို ရေရှည်ရှုထောင့်မှ ရှုမြင်ရပြီး တရုတ်-ယူကရိန်း ဆက်ဆံရေးနှင့် နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ရသည်ဟု ပြောကြားခဲ့ကြောင်း၊ ယူကရိန်းအကျပ်အတည်းနှင့်ပတ်သက်၍ နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများက အမြင်ချင်း ဖလှယ်ခဲ့ကြရာ တရုတ်နိုင်ငံအနေနှင့် ယူကရိန်းအကျပ် အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းရန် အမြဲတွန်းအားပေးနေကြောင်း၊ မည်သည့် ပဋိပက္ခကိုမဆို ဖြေရှင်းရန်အတွက် နိုင်ငံရေးနည်းလမ်းဖြင့် ဆောင်ရွက်ရမည်ဟု တရုတ်က ယူဆ ကြောင်း ပြောကြားသည်ဟု ၂၄ ရက်နေ့က ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။