ပါလက်စတိုင်းပြဿနာအပေါ် တရုတ်နိုင်ငံသည် မည်သည့်ကိုယ်ကျိုးစီးပွားမျှ မရှိဘဲ မိမိတို့ တန်ဖိုးထားသောအရာ ကျင့်ဝတ်တရားပဲဟု တရုတ် ဆို

(GMT+08:00)2024-07-25 15:12:29  

ဇူလိုင်လ ၂၄ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင် သည် ပုံမှန်သတင်းစာရှင်းလင်းပွဲကို ဦးစီးကျင်းပခဲ့ပါသည်။

မော်နင်က ပါလက်စတိုင်း ပါတီ၁၄ခုသည် ပြည်တွင်းပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲကို ကျင်းပပြီး “ဘေကျင်းကြေညာချက်”ကို လက်မှတ်ရေးထိုးခဲ့ကြကာ ပါလက်စတိုင်းပြည်သူများအတွက် မျှော်လင့်ချက်နှင့်အနာဂတ်ကို ဆောင်ကြဉ်းလာကြောင်း၊ ပါလက်စတိုင်းပြဿနာကို ဖြေရှင်းရေး နှင့် အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းတည်ငြိမ် ရေးကို အကောင်အထည်ဖော်ရေးတွန်းအားပေးရန် အရေးကြီးခြေလှမ်းတစ်လှမ်းလည်းဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို လွယ်လွယ်ကူကူရရှိနိုင်မည်မဟုတ် သော်လည်း ဦးတည်ချက်မှန်ကန် သရွေ့ မလွှဲမသွေ ရှေ့သို့ ဆက်လက်လျှောက်သွားသင့်ကြောင်း၊ ပါလက်စတိုင်းပြဿနာ အပေါ် တရုတ်နိုင်ငံသည် မည်သည့်ကိုယ်ကျိုးစီးပွားမျှ မရှိကြောင်း၊ မိမိတို့တန်ဖိုးထားသော အရာသည်  ကျင့်ဝတ်တရားပဲဖြစ်ပြီး ကမ်းလှမ်းသောအရာသည် တရားမျှတမှု ပဲဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံးလုံခြုံရေးကမ်းလှမ်းချက်အတိုင်း ဆက်လက်ကျင့်သုံးမည် ဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသ၏ ငြိမ်းချမ်းတည်ငြိမ်မှုအတွက် ပံ့ပိုးကူညီမှုပိုများစွာ ထောက်ပံ့ပေး မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။