ဘိုင်ဒန်သည် ၂၀၂၄ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှနုတ်ထွက်ခြင်းအကြောင်းနှင့် ပတ်သက်၍ မိန့်ခွန်းပြောကြား

(GMT+08:00)2024-07-25 15:15:39  

ဒေသစံတော်ချိန် ယခုလ ၂၄ရက်နေ့က အမေရိကန်သမ္မတ ဘိုင်ဒန်သည် အိမ်ဖြူတော်၏ ဘဲဥပုံရုံးတွင် မိန့်ခွန်းပြောကြားခဲ့ရာ၂၀၂၄ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှနုတ်ထွက်ခြင်းကို ကြေညာခြင်းနှင့် ပတ်သက်၍  ရှင်းပြခဲ့ကြောင်း၊ ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်းအဖြစ် ဆက်ခံနိုင်ရန် လက်ရှိ ဒုသမ္မတ Harris အတွက် အရှိန်အဟုန်မြင့်မား လာစေအောင် ဆောင်ရွက်ပေးကြောင်း သတင်းအရ သိရပါသည်။

ဘိုင်ဒန်သည် သူ့အနေနှင့် ရွေးကောက်ပွဲကနေ နုတ်ထွက်ပြီး သမ္မတအဖြစ် ကျန်ရှိနေတဲ့ တာဝန်တွေကို ကျေပွန်အောင် အာရုံစိုက်ခြင်းက ဒီမိုကရက်တစ်ပါတီနှင့် အမေရိကန်၏ အကျိုးစီးပွားနှင့် ကိုက်ညီကြောင်း၊ သူက ၂၀၂၄ခုနှစ် ရွေးကောက်ပွဲကို "တိုးတက်မှုနှင့်ဆုပ်ယုတ်မှု၊ မျှော်လင့်ချက်နှင့်မုန်းတီးမှုအကြားရွေးချယ်မှု" အဖြစ်သတ်မှတ်ပေးကြောင်း ဖော်ပြသည်ဟု သိရပါသည်။

ဒေသစံတော်ချိန် ဇူလိုင်လ ၂၁ရက်နေ့က အမေရိကန်သမ္မတ ဘိုင်ဒန်သည် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။