အစ္စရေး ဝန်ကြီးချုပ်က အမေရိကန် ကွန်ဂရက်လွှတ်တော်၌ မိန့်ခွန်းပြောကြားရာတွင် စစ်ရေးစစ်ဆင်မှု ဆက်လုပ်မည်ဟု ပြောကြား

(GMT+08:00)2024-07-25 15:17:16  

ဇူလိုင်လ ၂၄ ရက်နေ့ ညနေပိုင်းတွင် အစ္စရေးဝန်ကြီးချုပ် Netanyahu သည် အမေရိကန်ကွန်ဂရက်လွှတ်တော်၌ မိန့်ခွန်းပြောကြားခဲ့ပါသည်။ Netanyahu က ဟားမတ်စ်၏ စစ်အင်အားနှင့် ဂါဇာကို အုပ်ချုပ်နိုင်မှုအား တိုက်ဖျက်ခြင်းနှင့် အစ္စရေး အကျဉ်းသားများ လွတ်မြောက်ရေးကို အားပေးမြှင့်တင်သည့်တိုင်အောင် ဂါဇာဒေသတွင် အစ္စရေး၏ စစ်ရေးစစ်ဆင်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းက အစ္စရေးသည် ဂါဇာတွင် ဒုက္ခသည်များကို ပြန်လည်နေရာချထားရန် မကြိုးပမ်းသော်လည်း ဂါဇာဒေသ၏ လုံခြုံရေးကို အစ္စရေးက ထိန်းချုပ်ထားရမည်ဖြစ်ပြီး အနာဂတ်တွင် ဂါဇာကမ်းမြောင်ဒေသသည် အစ္စရေးအပေါ် ခြိမ်းခြောက်မှုမရှိတော့ရန် သေချာအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။