ရှီကျင့်ဖိန်သည် ၆ ကြိမ်မြောက် တရုတ်-ရုရှား စွမ်းအင်ကုန်သွယ်ရေးဖိုရမ်သို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2024-07-24 14:20:34  

ယခုလ ၂၃ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ၆ ကြိမ်မြောက် တရုတ်-ရုရှား စွမ်းအင်ကုန်သွယ်ရေးဖိုရမ်သို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

ထိုသဝဏ်လွှာတွင် ရှီကျင့်ဖိန်က ယခုနှစ်သည် တရုတ်-ရုရှားသံတမန်အဆက်သွယ်ထားရှိခဲ့သည့် ၇၅ နှစ် ပြည့်မြောက်သည့် နှစ်ဖြစ်ကြောင်း၊ နှစ်ဖက်အတူကြိုးပမ်းမှုအရ နှစ်နိုင်ငံအကြား စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုသည် တစ်နေ့တခြားရင့်ကျက်တည်ငြိမ်လာပြီး၊ နှစ်နိုင်ငံပြည်သူများအတွက် မြင်သာထင်သာသော အကျိုးကျေးဇူးများကို လက်တွေ့ကျကျ ဆောင်ကြဉ်းပေးလျက်ရှိကြောင်း၊ တရုတ်ပြည်အနေနှင့် ရုရှားနိုင်ငံနှင့်အတူ စွမ်းအင် နယ်ပယ်၌ အပြန်အလှန်အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တွန်းအားပေးပြီး၊ ကမ္ဘာ့စွမ်းအင်လုပ်ငန်းပိုမိုအားကောင်းပြီး ချောမွေ့ သန်မာစွာ ဖွံ့ဖြိုးစေရန်အတွက် စွမ်းဆောင် ပေးလိုကြောင်း ဖော်ပြခဲ့သည်ဟု သတင်းအရသိရပါသည်။