အစ္စရေးတပ်ဖွဲ့၏ စစ်ရေးဆောင်ရွက်မှုကို ဆန့်ကျင်သည့် ရာနှင့်ချီသော ကန်ဆန္ဒပြသူ များသည် Capitol Hill တွင် ထိုင်၍ ဆန္ဒပြ

(GMT+08:00)2024-07-24 14:21:43  

အမေရိကန်နိုင်ငံကို အလည်အပတ်ရောက်ရှိနေသည့် အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု သည် ဇူလိုင်လ ၂၄ ရက်နေ့တွင် အမေရိကန်လွှတ်တော်၌ မိန့်ခွန်း ပြောကြားမည် ဖြစ်ပါသည်။  ၂၃ရက်နေ့၌  ရာနှင့်ချီသော ဆန္ဒပြသူများသည် ဂါဇာဒေသတွင် အစ္စရေးတပ်ဖွဲ့၏ စစ်ရေးဆောင်ရွက်မှုများကို ဆန့်ကျင်ပြီး အမေရိကန်နိုင်ငံမှ အစ္စရေးနိုင်ငံ ထံသို့ လက်နက်ထောက်ပံ့ခြင်းကို ဆန့်ကျင်သည့် အနေဖြင့် Capitol Hill ရှိ ရုံးခန်းအဆောက်အအုံတစ်ခုတွင် ငြိမ်သက်စွာ ထိုင်၍ ဆန္ဒပြခဲ့ကြရာ ရဲများက ဆန္ဒပြသူအများအပြားကို ဖမ်းဆီးခဲ့ပါသည်။


    အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု မိန့်ခွန်းပြောကြားမည့် ဇူလိုင်လ ၂၄ ရက်နေ့ ဝါရှင်တန်မြို့တွင် ဆန္ဒပြသူများစွာ ရှိလာနိုင်သည်ဟု ခန့်မှန်းပြီး  ရဲတပ်ဖွဲ့ သည် လုံခြုံရေးဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နေပါသည်။