ဟိုပေပြည်နယ် ချမ်းကျိုးမြို့သည် ရွှေ့ပြောင်းငှက်များကို အားကောင်းစွာ ကယ်ဆယ်

(GMT+08:00)2024-07-24 14:23:07  

    တရုတ် နိုင်ငံ ဟိုပေပြည်နယ် ချမ်းကျိုးမြို့သည် ရွှေ့ပြောင်းငှက်များ ရွှေ့ပြောင်းနေထိုင် သည့် လမ်းကြောင်းတွင် အဓိက ခိုနားရာ နေရာ ဖြစ်သည်။ လက်ရှိတွင် ရွှေ့ပြောင်းငှက်များ မျိုးပွားသည့် အချိန်ကာလ ဖြစ်၍ ချမ်းကျိုးမြို့ တောရိုင်းတိရစ္ဆာန် ကယ်ဆယ်ရေး စင်တာသည် ကွင်းဆင်း ကင်းလှည့်မှုကို ပိုမို အားကောင်းစွာ ဆောင်ရွက်ပြီး ငှက်ငယ်များ ထိန်းသိမ်းစောင့်ရှောက်မှုကိုလည်း ပိုမို အားကောင်းစွာ ဆောင်ရွက်နေကြောင်း၊ ဇွန်လမှ ယခုအထိ ငှက်အုပ်စုများနှင့် ကွဲကွာခဲ့သည့် ငှက်များ၊ ဒဏ်ရာရရှိ ငှက်များနှင့် နာမကျန်းဖြစ် သည့် ငှက် ၂၆ကောင်ကို ကယ်ဆယ်ခဲ့ပြီ ဖြစ်ပါသည်။