တရုတ်ပြည်မှထုတ်လုပ်သည့် ကြီးမားသော ကုန်းရေနှစ်သွယ် လေယာဉ် AG600 သည် တရုတ်နိုင်ငံ အရပ်ဘက်သုံး လေကြောင်း စီမံခန့်ခွဲရေးဌာန၏ ခွင့်ပြုချက်အရ စမ်းသပ် ပျံသန်းမှု အဆင့်သို့ တရားဝင် ဝင်ရောက်

(GMT+08:00)2024-07-24 14:30:07  

အကြီးစား ကုန်းနှင့်ရေပြင်ကယ်ဆယ်ရေးဆိုင်ရာ ကုန်းရေနှစ်သွယ် လေယာဉ် "ကွမ်းလုံ" AG600 သည် ပထမ အမျိုးအစား စစ်ဆေးရေး ခွင့်ပြုချက် (TIA) ရရှိခဲ့ပြီး တရုတ်နိုင်ငံ အရပ်ဘက်သုံး လေကြောင်း စီမံခန့်ခွဲရေးဌာန၏ ခွင့်ပြုချက်အရ စမ်းသပ် ပျံသန်းမှု အဆင့်သို့ တရားဝင် ဝင်ရောက်လာခြင်းကို ပြသကြောင်း၊ AG600 ၏ နောက်ဆက်တွဲ ပျံသန်းမှုလက်မှတ်ရရှိရန် ခိုင်မာသော အခြေခံအုတ်မြစ်ဖြစ်ကြောင်း ဇူလိုင်လ ၂၃ ရက်နေ့က တရုတ်လေကြောင်း စက်မှုလုပ်ငန်းကော်ပိုရေးရှင်းအုပ်စုမှ သတင်းအရ သိရပါသည်။