ဝမ်ယိသည် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးများသို့ တက်ရောက်ပြီး လာအိုသို့ ခရီးလှည့်လည်မည်

(GMT+08:00)2024-07-24 14:29:18  

    တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ယခုလ ၂၅ရက်နေ့မှ ၂၇ရက်နေ့အထိ လာအို နိုင်ငံ ဗီယင်ကျန်းမြို့တော်တွင် ကျင်းပမည့် တရုတ်-အာဆီယံ(10+1)နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၊ အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား(10+3)နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၊ အရှေ့အာရှ ထိပ်သီး အစည်းအဝေး၏ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနှင့် အာဆီယံ ဒေသ ဖိုရမ် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ပြီး လာအို နိုင်ငံသို့ တရားဝင် ခရီးလှည့်လည်မည် ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။