CGTNစစ်တမ်းဖြေကြားသူ ၉၃ရာခိုင်နှုန်းခန့်သည် ပါလက်စတိုင်း ပါတီများ ပြန်လည် သင့်မြတ်ရေး အကောင်အထည် ဖော်ဆောင်ရန် အတွက် တရုတ်နိုင်ငံ၏ တွန်းအားပေးခြင်း အပေါ် ချီးကျူး

(GMT+08:00)2024-07-24 21:12:22  

တရုတ် နိုင်ငံ၏ အားထုတ်ကြိုးပမ်းမှုဖြင့် မကြာခင်က ဘေကျင်းတွင် ပါလက်စတိုင်း ပြည်တွင်း ပါတီများသည် ပြန်လည် သင့်မြတ်ရေး အတွက် သဘောတူညီမှု ရရှိခဲ့ကြပါသည်။ ယင်းသည် တရုတ် နိုင်ငံ၏ သံတမန်ရေး ဆိုင်ရာ ကြားဝင်ဖျန်ဖြေရေးတွင် မှတ်တိုင် နောက်တစ်ခု ဖြစ်ပါသည်။ ယင်းနှင့် ပတ်သက်၍ China Media Group လက်အောက်ရှိ CGTNမှ ပြုလုပ်သော ပြည်သူ့ သဘောထား စစ်တမ်းကောက်ယူမှု ရလဒ်အရ တစ်ကမ္ဘာလုံးတွင် စစ်တမ်းဖြေကြားသူ ၉၂.၈၁ ရာခိုင်နှုန်းသည် ပါလက်စတိုင်း ပြည်သူများ၏ အခွင့်အရေးကို ထောက်ခံအားပေးပြီး ကွဲပြားမှုကို အဆုံးသတ်ကာ ပါလက်စတိုင်း၏ ရပ်တည်ချက်ကို ညီညွတ်စေရန် တရုတ် နိုင်ငံ၏ ကြိုးပမ်းမှုများကို လွန်စွာ ချီးကျူးကြသည့် အပြင်၊ တရုတ် နိုင်ငံသည် ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ပဋိပက္ခနှင့် သဘောကွဲလွဲမှုများကို ဖြေရှင်းရေး အတွက် စံနမူနာသစ်ကို စိုက်ထူခဲ့ကြောင်းလည်း ဖော်ပြသည်ဟု သိရပါသည်။

ပါလက်စတိုင်း ဘက်အသီးသီးတို့မှ လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြသော “ဘေကျင်း ကြေညချက်”တွင် ဘက်အသီးသီးတို့က အမျိုးသား ပြန်လည်သင့်မြတ်ရေး ယာယီ အစိုးရကို ဖွဲ့စည်းတည်ထောင်ပြီး ဂါဇာတွင် ပြန်လည်ထူထောင်ရေးကို ပြလုပ်ရန် သဘောတူ ကြကြောင်း ဖော်ပြထားပါသည်။ ပါလက်စတိုင်း ပါတီများ အကြား ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ပြန်လည်သင့်မြတ်ရေး အကောင်အထည်ဖော်ဆောင်ပြီး ပြည်တွင်း စည်းလုံးညီညွတ်မှုကို အားကောင်းစေရန် တရုတ် နိုင်ငံ အနေနှင့် အမြဲတမ်း အားပေးထောက်ခံသည်။ စစ်တမ်း ဖြေကြားသူ ၉၁.၆၃ ရာခိုင်နှုန်းသည် တရုတ် နိုင်ငံ၏ တိုက်တွန်းချက် အပေါ် လွန်စွာ ချီးကျူး ကြပါသည်။