လျှောက်ရှင်းမြို့ရှိ ဂျိကျုံး ရှေးဟောင်း အကြွင်းအကျန် နေရာ သုတေသနပြုရေးနှင့်တူးဖော်ရေးလုပ်ငန်း ပြုလုပ်နေဆဲ

(GMT+08:00)2024-07-24 14:31:16  

ဂျိကျုံး ရှေးဟောင်း အကြွင်းအကျန် နေရာသည် ကျဲ့ကျန်းပြည်နယ် လျှောက်ရှင်းမြို့ ရွက်ချင်ခရိုင်တွင်တည်ရှိပြီး ၂၀၂၃ခုနှစ်က ရှာဖွေတွေ့ရှိခဲ့သော ကျန့်ကိုမင်းဆက်နှင့် ဟန့်မင်းဆက်များမှ အဆင့်မြင့်  ရှေးဟောင်း အကြွင်းအကျန် အဆောက်အအုံ တစ်ခုဖြစ်ပါသည်။ အမျိုးသား ယဉ်ကျေးမှု အမွေအနှစ် စီမံခန့်ခွဲရေး ဌာန၏ ခွင့်ပြုချက်ဖြင့် လျှောက်ရှင်း ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းများ သုတေသနပြုရေးဌာနသည် ၂၀၂၄ ခုနှစ်မှစ၍ ဂျိကျုံး ရှေးဟောင်း အကြွင်းအကျန် နေရာ သုတေသနပြုရေးနှင့် တူးဖော်ရေးလုပ်ငန်းများကို စတင်ပြုလုပ်ခဲ့ပါသည်။ ဂျိကျုံး ရှေးဟောင်း အကြွင်းအကျန် နေရာသည် ရှေးခေတ် လျှောက်ရှင်းမြို့ဟောင်းတွင် ရွက် တိုင်းပြည်၏ အဆောက်အအုံများရှိခြင်းကို ပထမဆုံးအကြိမ် အတည်ပြုထားပြီး ရှေးခေတ် ရွက် တိုင်းပြည်၏ မြို့တော်ကို ရှာဖွေလေ့လာရန်အတွက် အရေးကြီးသော သဲလွန်စများကို ပံ့ပိုးပေးခဲ့ပါသည်။ လက်ရှိတွင် ရှေးဟောင်း သုတေသနပြုရေးနှင့် တူးဖော်ရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်လျက်ရှိပါသည်။