လီချန်သည် Ursula von der Leyen အား ဥရောပသမဂ္ဂကော်မရှင် ဥက္ကဋ္ဌအဖြစ် ထပ်မံအရွေးခံရခြင်းအတွက် ဂုဏ်ပြုသဝဏ်လွှာပေးပို့

(GMT+08:00)2024-07-24 14:26:17  

ဇူလိုင်လ ၂၃ ရက်နေ့တွင် တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီချန် သည် Ursula von der Leyen အား ဥရောပသမဂ္ဂကော်မရှင် ဥက္ကဋ္ဌအဖြစ် ထပ်မံအရွေးခံရခြင်းအတွက် ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။

လီချန် က တရုတ်အစိုးရသည် ဥရောပသမဂ္ဂနှင့် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဥရောပသမဂ္ဂကော်မရှင်၏ အရေးကြီးသော အခန်းကဏ္ဍနှင့် သြဇာလွှမ်းမိုးမှုတို့ကို အမြဲ လွန်စွာ အလေးထားကြောင်း၊ တရုတ်-ဥရောပသမဂ္ဂဆက်ဆံရေး၏ နိုင်ငံရေးအခြေခံအုတ်မြစ်ကို စဉ်ဆက်မပြတ်ခိုင်မာအောင်ဆောင်ရွက်ရန်၊ မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှုကို ဆက်လက်မြှင့်တင်ရန်၊ အပြန်အလှန်အကျိုးရှိစေသောပူးပေါင်းဆောင်ရွက်မှုကို ကျယ်ကျယ်ပြန့်ပြန့်ခိုင်မာစေရန်၊ ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို ပူးပေါင်းရင်ဆိုင်တုံ့ပြန်ရန်၊ နှစ်ဖက်စလုံးမှ ပြည်သူများ၏ချမ်းသာသုခ တိုးပွားရေး၊ ကမ္ဘာ့တည်ငြိမ်ရေးနှင့် သာယာဝပြောရေးကို ထိန်းသိမ်းရန် ပိုမိုကောင်းမွန်သော ပံ့ပိုးကူညီမှုများပြုလုပ်ရန် တရုတ်နိုင်ငံအနေဖြင့် ဥရောပသမဂ္ဂ နှင့် လက်တွဲကြိုးပမ်းဆောင်ရွက်လိုကြောင်း ပြောကြားပါသည်။