ဇူလိုင်လ ၂၃ ရက်နေ့က ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ရုရှားတပ်ဖွဲ့သည် Donetsk ဒေသရှိ Ivano-Daryivka အခြေချနေထိုင်ရာဒေသကို သိမ်းပိုက်ထားပြီ ဖြစ်ကြောင်း၊ လွန်ခဲ့သည့်တစ်ရက်အတွင်း ရုရှားတပ်ဖွဲ့သည် ယူကရိန်းတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ ယူကရိန်း တင့်ကားများ၊ သံချပ်ကာကားများနှင့် ဟောင်ဝီဇာအမြောက်များစသည့် လက်နက်များနှင့် အဆောက်အအုံများကို တိုက်ဖျက်ခဲ့ ကြောင်း၊ ရုရှားလေကြောင်းရန် ကာကွယ်ရေးတပ်သည် ယူကရိန်းမောင်းသူမဲ့လေယာဉ် ၁၅၁ စင်းကို ပစ်ချခဲ့ကြောင်း ဖော်ပြထားပါသည်။
ထိုနေ့တွင် ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့ စစ်ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဇူလိုင်လ ၂၃ ရက်နေ့က ရှေ့တန်းစစ်မျက်နှာတွင် တိုက်ခိုက်မှု ၈၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ Pokrovsk ဒေသတွင် ရုရှားတပ်ဖွဲ့သည် ယူကရိန်း၏တပ်စခန်းများသို့ တိုက်ခိုက်မှု ၂၇ ကြိမ် ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားပါသည်။