အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးများ ကျင်းပတော့ မည်၊ ဘက်အသီးသီးကြား သဘောတူညီမှု ပိုမို ရရှိရန် မျှော်လင့်သည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနဆို

(GMT+08:00)2024-07-24 14:24:01  

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင် သည် ၂၃ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲကို ကြီးမှူးကျင်းပခဲ့ပါသည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးများ တက်ရောက်မည့်သတင်းကို ကြေညာခဲ့ကြောင်း၊ လက်ရှိအရှေ့အာရှပူးပေါင်းဆောင်ရွက်မှုကို တရုတ်နိုင်ငံက ဘယ်လိုသုံးသပ်သလဲ၊ ဒီတစ်ကြိမ်နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးတွေအတွက် ဘယ်လိုမျှော်လင့်ထားသလဲဟု China Media Group CCTV သတင်းထောက်က မေးမြန်းခဲ့သည်။

မော်နင်က လက်ရှိကမ္ဘာ့စီးပွားရေးတိုးတက်မှုနှေးကွေးခြင်းနှင့် ပထဝီဝင်နိုင်ငံရေးပဋိပက္ခများ ဆက်တိုက်ဖြစ်နေသည့် ၏နောက်ခံတွင် အရှေ့အာရှအခြေအနေသည် ယေဘုယျအားဖြင့် တည်ငြိမ်နေပြီး ဒေသတွင်းစီးပွားရေးပေါင်းစည်းမှု ဆက်လက်တိုးတက်နေကြောင်း ၊တရုတ် နိုင်ငံအနေနှင့် ယခုအကြိမ်နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှတစ်ဆင့် ဘက်အသီးသီးကြား သဘောတူညီမှု ပိုမို ရရှိနိုင်ပြီး အောက်တိုဘာလတွင် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေး ခေါင်းဆောင်များ အစည်းအဝေးများ အတွက် နိုင်ငံရေးနှင့် ရလဒ်များ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားပါသည်။