ဝမ်ယိသည် ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီး Dmytro Kulebaနှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2024-07-24 20:16:54  

        ယခုလ ၂၄ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အဖွဲဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် တရုတ် နိုင်ငံ ကွမ်ကျိုးမြို့တွင် ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီး Dmytro Kulebaနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

         ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ယိက ယူကရိန်း အကျပ်အတည်း ဖြစ်ပွားခဲ့သည်မှာ သုံးနှစ်ရှိပြီ ဖြစ်ပြီး ပဋိပက္ခ ဆက်တိုက် ဖြစ်ပွားနေကာ ပဋိပက္ခ အရှိန်မြင့်လာနိုင်ဖွယ်ရာရှိပြီး သက်ရောက်မှုများ ကျယ်ပြန့်လာနိုင်ဖွယ်ရာလည်း ရှိကြောင်း၊ တရုတ် နိုင်ငံ အနေနှင့် အကျပ်အတည်းကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်အောင် တွန်းအားပေးရန် အမြဲတမ်း အားထုတ်ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ မကြာခင်က ယူကရိန်းနှင့် ရုရှား နှစ်ဖက်တို့သည် ဆွေးနွေးပွဲ ကျင်းပရန် ဆန္ဒရှိသည့် အချက်ပြခဲ့ကြောင်း၊  မိမိတို့သည် ငြိမ်းချမ်းရေး အတွက် အထောက်အကူပြုသည့် ကြိုးပမ်းမှု မှန်သမျှကို အားပေးထောက်ခံပြီး အပစ်အခတ် ရပ်စဲပြီး ပဋိပက္ခ အဆုံးသတ်ကာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်လည်ကျင်းပရန် အတွက် အပြုသဘော ဆောင်သော အခန်းကဏ္ဍမှ ဆက်လက် ပါဝင်ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။

  Dmytro Kulebaက ယူကရိန်းသည် တရုတ်နိုင်ငံ၏ အဆိုပြုချက်ကို အလေးထားပြီး ယူကရိန်း အကျပ်အတည်းကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန် အတွက် တရုတ်နှင့် ဘရာဇီးတို့ တင်ပြခဲ့သော “သဘောတူညီချက် ၆ခု”ကို လေးနက်စွာ လေ့လာခဲ့ ကြောင်း၊ ယူကရိန်းသည်  ရုရှားနှင့် ဆွေးနွေးပွဲ ကျင်းပရန် ဆန္ဒရှိကြောင်း၊ သို့သော် ၄င်းဆွေးနွေးခြင်းကို ဆင်ခြင်ဉာဏ်ဖြင့် ပြုလုပ်သင့်ပြီး လက်တွေ့ကျသော အနက်အဓိပ္ပါယ် ရှိသင့်ကြောင်း၊  ရည်ရွယ်ချက်မှာ ရေရှည် တရားမျှတသော ငြိမ်းချမ်းရေးကို အကောင် အထည် ဖော်ဆောင်ရန် ဖြစ်သင့်ကြောင်းလည်း ပြောကြားခဲ့ပါသည်။