“တရုတ်နိုင်ငံ ခေတ်သစ်တွင် ပြုပြင်ပြောင်းလဲရေးကို ဇောက်ချပြုလုပ်သော ကမ္ဘာ့ အခွင့်ကောင်းများ” တစ်ကမ္ဘာလုံးဆွေးနွေးပွဲကို တန်ဇန်းနီးယားနိုင်ငံ၌ အောင်မြင်စွာကျင်းပ

(GMT+08:00)2024-07-24 20:15:16  

ဒေသစံတော်ချိန် ဇူလိုင်လ ၂၂ရက်နေ့က China Media Groupမှ ဦးစီးကျင်းပသော “တရုတ်နိုင်ငံ ခေတ်သစ်တွင် ပြုပြင်ပြောင်းလဲရေးကို ဇောက်ချပြုလုပ်သော ကမ္ဘာ့ အခွင့်အရေး” တစ်ကမ္ဘာလုံးဆွေးနွေးပွဲကို တန်ဇန်းနီးယားနိုင်ငံ Dar es Salaam၌ ကျင်းပခဲ့ ပါသည်။ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံသည် ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားခဲ့ပါသည်။ တန်ဇန်းနီးယားနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ တန်ဇန်းနီးယားအဓိကမီဒီယာများနှင့် နာမည်ကျော် တတ်သိပညာရှင်များ အဖွဲ့မှ ဧည့်သည် ၄၀ကျော်သည် ကမ္ဘာအပေါ် အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေး၏ နက်ရှိုင်းသောအဓိပ္ပါယ်၊ အာဖရိကအတွက် တရုတ်အသွင်ပုံစံခေတ်မီရေးမှ ဆောင်ကြဉ်းလာသော အခွင့်ကောင်းစသည်များနှင့်ပတ်သက်၍ ကူးလူးဖလှယ်ခဲ့ကြပါသည်။

ထို့အပြင် China Media Groupသည် နယူးယောက်၊ လူဇင်ဘတ်၊ အဘူဒါဘီ၊ ဗျူနိုအေးရီးစ်၌လည်း “တရုတ်နိုင်ငံ ခေတ်သစ်တွင် ပြုပြင်ပြောင်းလဲရေးကို ဇောက်ချပြုလုပ်သော ကမ္ဘာ့ အခွင့်ကောင်းများ” တစ်ကမ္ဘာလုံးဆွေးနွေးပွဲကို အသီးသီး ဦးစီးကျင်းပခဲ့ပါသည်။