ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Kuleba သည် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်မည်

(GMT+08:00)2024-07-23 10:56:13  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ဖိတ်ကြားချက်အရ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Kuleba သည် ဇူလိုင်လ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့အထိ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က ထုတ်ပြန်ကြေညာပါသည်။