"အိုလံပစ် စစ်ပွဲရပ်စဲရေးနံရံ"ကို ပါရီအိုလံပစ်ရွာတွင် ဇူလိုင်လ ၂၂ ရက်နေ့က ဖွင့်လှစ်ပြသခဲ့ပါသည်။ အိုလံပစ်အားကစားပြိုင်ပွဲတွင် ပါဝင်မည့် နိုင်ငံနှင့် ဒေသ ၂၀၆ခုမှ အိုလံပစ်ကော်မတီများနှင့် ဒုက္ခသည် ကိုယ်စားလှယ်အဖွဲ့များမှ ရာနှင့်ချီသော အားကစားသမားများက "ငြိမ်းချမ်းရေးကို အခွင့်အရေးပေးပါ"ဟု ပန်ကြားခဲ့ကြပါသည်။ နိုင်ငံတကာ အိုလံပစ် ကော်မတီ ဥက္ကဋ္ဌ Bach က အဆိုပါ အားကစားသမားများသည် ကျွန်တော်တို့ ခေတ်အတွက် ငြိမ်းချမ်းရေး သံတမန်များဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
၂၀၀၆ခုနှစ် Turin ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှစပြီး အိုလံပစ်အားကစားပြိုင်ပွဲနှင့် ဆောင်းရာသီအိုလံပစ်အားကစားပွဲတိုင်း၏ အားကစားသမားရွာတွင် "အိုလံပစ် စစ်ပွဲရပ်စဲရေးနံရံ" ကို တည်ဆောက်လေ့ရှိသည်။ အားကစားသမားများ၊ နည်းပြများနှင့် အသင်းတာဝန်ရှိသူများက ယင်းနံရံတွင် ၎င်းတို့၏ အမည်များကို လက်မှတ် ရေးထိုးပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကို တောင်းဆိုကာ အိုလံပစ် စစ်ပွဲရပ်စဲရေးအတွက် ထောက်ခံကြောင်း ဖော်ပြခဲ့ကြပါသည်။