အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် ၎င်း၏ အမေရိကန် ခရီးစဉ်အတွင်း ထရမ့်နှင့် တွေ့ဆုံရန် တောင်းဆို

(GMT+08:00)2024-07-23 14:36:45  

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် ယခု သီတင်းပတ်တွင် ၎င်း၏ အမေရိကန် ခရီးစဉ်အတွင်း အမေရိကန် သမ္မတဟောင်း ထရမ့် နှင့် တွေ့ဆုံရန် တောင်းဆိုခဲ့ကြောင်း ၂၂ ရက်နေ့ သတင်းအရ သိရပါသည်။ ထရမ့်ဘက်မှ တရားဝင် အတည်ပြုမှု မရှိသေးသော်လည်း တွေ့ဆုံပွဲ စီစဉ်ပေးနိုင်ဖွယ်ရှိကြောင်း၊ ယင်း တွေ့ဆုံပွဲကို ဖလော်ရီဒါပြည်နယ် သို့မဟုတ် ယခု သီတင်းပတ်နှောင်းပိုင်းတွင် ထရမ့် ၏ မြောက်ကာရိုလိုင်းနားပြည်နယ်၌ ပြုလုပ်မည့် မဲဆွယ်စည်းရုံးမှုအပြီးတွင် တွေ့ဆုံနိုင်ဖွယ်ရှိကြောင်း သက်ဆိုင်ရာ အခြေအနေကို သိရှိနားလည်သော သတင်းအရင်းအမြစ် နှစ်ခုက ခန့်မှန်းပြောကြားခဲ့သည်။