ရှီကျင့်ဖိန်သည် ရဝမ်ဒါသမ္မတအဖြစ် ပြန်လည်ရွေးချယ်ခံရသည့် ကာဂိမ်းအား ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့

(GMT+08:00)2024-07-23 20:21:15  

ဇူလိုင်လ၂၃ ရက်နေ့တွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရဝမ်ဒါသမ္မတနိုင်ငံ သမ္မတအဖြစ် ပြန်လည်အရွေးခံသည့် ကာဂိမ်း အတွက် ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ သည်။

ယင်းသဝဏ်လွှာတွင် သမ္မတ ရှီကျင့်ဖိန်က ရဝမ်ဒါနိုင်ငံသည် တရုတ်နိုင်ငံနှင့် အစဉ်အလာအရ ချစ်ကြည်ရင်းနှီးသည့်နိုင်ငံဖြစ်ကြောင်း၊ မကြာသေးမီနှစ်များအတွင်း နှစ်နိုင်ငံကြား ဆက်ဆံရေး လျင်မြန်စွာ တိုးတက်ခဲ့ပြီး နယ်ပယ်အသီးသီးတွင် ပူးပေါင်း ဆောင်ရွက်မှုမျာ ဖြစ်ထွန်းလာကာ အစဉ်အလာ ချစ်ကြည်ရင်းနှီးမှုသည် ဆက်လက် နက်ရှိုင်းလာခဲ့‌ကြောင်း၊ နှစ်ဖက်အကြား နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုကို ပိုမို တိုးမြှင့်ရန်၊ နယ်ပယ်အသီးသီးတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ကာ ပိုမိုနက်ရှိုင်း လာစေရန်နှင့် နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်သစ်သို့ တွန်းအားပေးရန်အတွက် သမ္မတ ကာဂိမ်း နှင့် လက်တွဲဆောင်ရွက်သွားရန် ဆန္ဒရှိပါသည်ဟု ဖော်ပြထားပါသည်။