ကျန်းမာရေးအခြေအနေကြောင့် မြန်မာနိုင်ငံ ယာယီသမ္မတ ဦးမြင့်ဆွေသည် တာဝန် ဝတ္တရားများကို မြန်မာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌထံသို့ လွှဲအပ်ကြောင်း ဇူလိုင်လ ၂၂ရက်နေ့ညက မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
ဦးမြင့်ဆွေသည် ကျန်းမာရေးအခြေအနေကြောင့် ဆေးခွင့်ယူပြီး တာဝန်များ ဆောင်ရွက်ရန်ပျက်ကွက်နေစဉ်ကာလတွင် အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ ဆိုင်ရာကိစ္စရပ်များကို လိုအပ်သလို ဆောင်ရွက်နိုင်ရန်အလို့ငှါ ယာယီသမ္မတ၏ တာဝန်ဝတ္တရားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌထံသို့ လွှဲအပ်ဆောင်ရွက် စေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံယာယီသမ္မတရုံးမှ မြန်မာနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံးထံသို့ အကြောင်းကြားစာကို ပေးပို့ခဲ့ကြောင်းသိရပါသည်။