၃၃ ကြိမ်မြောက် အိုလံပစ်အားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်မည့် တရုတ်အားကစား ကိုယ်စားလှယ်အဖွဲ့များသည် ပဲရစ်မြို့သို့ ရောက်ရှိ

(GMT+08:00)2024-07-23 14:26:09  

၃၃ ကြိမ်မြောက် အိုလံပစ်အားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်မည့် တရုတ်အားကစား ကိုယ်စားလှယ်အဖွဲ့များသည် ဇူလိုင်လ ၂၂ ရက်နေ့က ပြင်သစ်နိုင်ငံ ပဲရစ်မြို့သို့ ရောက်ရှိ ခဲ့ပါသည်။ လက်ရှိ ကိုယ်စားလှယ်အဖွဲ့ဝင်အများစုသည် ပဲရစ်မြို့သို့ ရောက်ရှိနေကြပြီ ဖြစ်ပြီး ထိုနေ့တွင် တရုတ် water polo အသင်းလည်း ရှန်ဟိုင်းမြို့မှ ပဲရစ်မြို့သို့ ရောက်ရှိခဲ့ပါသည်။
    တရုတ်စားပွဲတင်တင်းနစ်အသင်း၊ ကြက်တောင်အသင်း၊ အမျိုးသမီးဘော်လီဘော အသင်းနှင့် ရေကူးအသင်းတို့အပါအဝင် အသင်းအများအပြားသည် ပဲရစ်မြို့သို့ ကြိုတင် ရောက်ရှိပြီး လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြပါသည်။
    ပဲရစ်အိုလံပစ်အားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်မည့် တရုတ်အားကစား ကိုယ်စားလှယ်အဖွဲ့များကို ဇူလိုင်လ ၁၃ ရက်နေ့က တရားဝင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး အားကစားသမား ၄၀၅ ဦးသည် အဓိကပွဲစဉ်ကြီး ၃၀၊ ပြိုင်ပွဲအမျိုးအစား ၄၂ ခု၊ ပွဲစဉ်ငယ် ပေါင်း ၂၃၆ ခုတွင် ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သတင်းအရ သိရပါသည်။