ဝမ်ယိနှင့် ဟိုလိဖုန်းတို့သည် အမေရိကန်နိုင်ငံ US- China Business Council ဒါရိုက်တာအဖွဲ့နှင့် အသီးသီး တွေ့ဆုံ

(GMT+08:00)2024-07-23 11:06:30  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိနှင့် ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယ ဝန်ကြီးချုပ် ဟိုလိဖုန်းတို့သည် ဇူလိုင်လ ၂၂ ရက်နေ့က ဘေကျင်း၌ အမေရိကန်နိုင်ငံ US- China Business Council ဥက္ကဋ္ဌ Rajesh Subramaniam ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် အသီးသီး တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဝမ်ယိက အမေရိကန်နိုင်ငံ US-China Business Council အနေဖြင့် တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံများကို အခြေခံပြီး အမေရိကန်အစိုးရ၊ လွှတ်တော်နှင့် အလွှာပေါင်းစုံတို့အား စစ်မှန်၊ ကဏ္ဍစုံ၊ ဘက်စုံ ဖြစ်သည့် တရုတ်ပြည်အကြောင်းများကို ရှင်းလင်းပြောကြားရန်၊ ပကတိကျသည့်၊ ဆင်ခြင်မှု ပါသည့်၊ အပြုသဘောဆောင်သည့် အသံများ ဖော်ပြပြီး အမေရိကန် ပြည်တွင်း၌ တရုတ်ပြည်အပေါ် မှန်ကန်သော နားလည်သိရှိမှု ထူထောင်နိုင်ဖို့ တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

ဟိုလိဖုန်းက အမေရိကန် လုပ်ငန်းကုမ္ပဏီများက တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု တစ်ဆင့်တိုး ဘက်စုံ ဇောက်ချပြုလုပ်ရေးနှင့် တရုတ်အသွင်ပုံစံ ခေတ်မီရေး ဖြစ်စဉ်တွင် တက်ကြွစွာ ပါဝင်ပြီး အပြန်အလှန် အကျိုးရှိစေရေး ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည် ဖော်စေဖို့ US-China Business Council က တွန်းအားပေးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

Rajesh Subramaniam က အမေရိကန် စက်မှုနှင့် ကုန်သွယ်မှု လောကသည် နှစ်ဖက်အကြား နယ်ပယ်များစွာ၌ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ ပြုလုပ်ရန် မျှော်လင့်ကြောင်း၊ US-China Business Council အနေနှင့် နှစ်နိုင်ငံ စီးပွားကုန်သွယ်မှု တိုးတက်ရေးကို တွန်းအားပေးရန် ပိုမိုကြီးမားသော အကျိုးပြုစွမ်းဆောင်မှုများ ပြုလုပ်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။