Zhao Leji သည် ဂျပန် အောက်လွှတ်တော် ဒုဥက္ကဋ္ဌBanri Kaieda နှင့်တွေ့ဆုံ

(GMT+08:00)2024-07-23 14:32:37  

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ Zhao Leji သည် ဇူလိုင်လ ၂၂ ရက်နေ့တွင် ဘေကျင်းမြို့၌ ဂျပန်အောက်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ Banri Kaieda နှင့် တွေ့ဆုံခဲ့ပါသည်။

Zhao Leji က တရုတ်-ဂျပန် နှစ်နိုင်ငံ ချစ်ကြည်ရေးပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းပြီး ဖွံ့ဖြိုးခြင်းသည် နှစ်နိုင်ငံ ပြည်သူများ၏ အရင်းခံ အကျိုးစီးပွားနှင့်ကိုက်ညီသည့်အပြင် ဒေသတွင်းနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးအတွက်လည်း အကျိုးရှိကြောင်း၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီသည် ဂျပန်လွှတ်တော်နှင့် ချစ်ကြည်ရေးဆက်ဆံမှု ထိန်းသိမ်းထားရန်၊ ဥပဒေပြုအဖွဲ့၏ အဆင့်အားလုံးတွင် ဖလှယ်မှုများ အားကောင်းလာစေရန် ဆောင်ရွက်လိုကြောင်း၊ စစ်မှန်၊ ကဏ္ဍစုံ၊ ဘက်စုံသော တရုတ်နိုင်ငံကို သိရှိရန် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဂျပန်အောက်လွှတ်တော်မှ အမတ်များအား ကြိုဆိုကြောင်း ပြောကြားခဲ့ပါသည်။

Banri Kaieda က ဂျပန်အောက်လွှတ်တော်သည် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီနှင့် ကူးလူးဆက်ဆံမှုများ ပိုမိုအားကောင်းလာစေရန်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး စွဲကိုင်ရန်၊ နှစ်နိုင်ငံ ပြည်သူများကြား ဆက်ဆံမှုကို တိုးချဲ့ရန်နှင့် နှစ်နိုင်ငံအကြား စီးပွားရေး၊ ယဉ်ကျေးမှု စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။