ခရီးသည်တင်ကားများ၏ ပို့ကုန်ပမာဏသည် ၆ လ ဆက်တိုက် တိုးလာ

(GMT+08:00)2024-07-23 11:12:07  

ယခုနှစ်အတွင်း တရုတ်ပြည်မှ ခရီးသည်တင်ကားပို့ကုန်ပမာဏသည် အရှိန်အဟုန်ဖြင့် တိုးပွားလာပြီး၊ ယခုနှစ် ပထမ နှစ်ဝက်တွင် ခရီးသည်တင်ကားများ၏ ပို့ကုန်ပမာဏသည် ၆ လ ဆက်တိုက် တိုးလာပြီး မေလနှင့် ဇွန်လ ၂ လဆက်တိုက် ပို့ကုန်ပမာဏသည် အစီးရေ ၅၀၀၀ ကျော်ခဲ့သည်ဟု သတင်းအရသိရပါသည်။

၂၀၂၄ခုနှစ် ပထမနှစ်ဝက်က တရုတ်နိုင်ငံသည် အကြီးစား၊ အလတ်စားနှင့် အပေါ့စားခရီးသည်တင်ကား စုစုပေါင်း ၂၇၅၅၁ စီးကို တင်ပို့ရောင်းချခဲ့ပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၃၉.၃၆ ရာခိုင်နှုန်း တိုးလာခဲ့သည်ဟု အချက်အလက်များ အရသိရပါသည်။