ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ အဖွဲ့ဝင်နိုင်ငံများမှ သက်ဆိုင်ရာ ဌာနများသည် "အကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု-၂၀၂၄" ပူးတွဲ အကြမ်းဖက်မှု တိုက်ဖျက်ရေး လေ့ကျင့်မှုကို ပြုလုပ်

(GMT+08:00)2024-07-23 14:36:03  

မကြာခင်ရက်များက ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ အဖွဲ့ဝင်နိုင်ငံများမှ သက်ဆိုင်ရာ ဌာနများသည် "အကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု-၂၀၂၄" ပူးတွဲ အကြမ်းဖက်မှု တိုက်ဖျက်ရေး လေ့ကျင့်မှုကို တရုတ်နိုင်ငံ ရှင်းကျန်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ၌ ပြုလုပ်ခဲ့သည်။ ယခုအကြိမ် လေ့ကျင့်မှုသည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၏ တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်၌ အဖွဲ့ဝင်နိုင်ငံအားလုံးတို့မှ သက်ဆိုင်ရာ ဌာနများ ပထမဆုံးအကြိမ် ပြုလုပ်သော ရဲတပ်ဖွဲ့ဝင်များဖြင့် ပူးတွဲ စစ်ရေးလေ့ကျင်မှုဖြစ်ပြီး တရုတ်နိုင်ငံက ဥက္ကဋ္ဌနိုင်ငံအဖြစ် တာဝန်ထမ်းဆောင်ချိန် အတောအတွင်း တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အရေးကြီးသော အောင်ကျိုးရလဒ်တစ်ရပ်လည်း ဖြစ်ကြောင်း သတင်းအရ သိရပါသည်။