လက်ရှိ ဒေသတွင်း အခြေအနေတင်းမာမှုအပေါ် အမေရိကန်က တာဝန်ယူသင့်ဟု အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောကြား

(GMT+08:00)2024-07-23 11:11:23  

ဒေသစံတော်ချိန် ယခုလ ၂၂ ရက်နေ့က အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့် ရှိသူ ကာနာနီမှ သတင်းစာ ရှင်းလင်းပွဲကို ကျင်းပခဲ့ရာ၊ ပါလက်စတိုင်း-အစ္စရေး ပြဿနာ ရေးရာများတွင် အမေရိကန်နိုင်ငံမှ အစ္စရေးအား ဘက်စုံထောက်ပံ့ကူညီမှုများပေး ခဲ့ခြင်းကြောင့် ပါလက်စတိုင်း-အစ္စရေးပဋိပက္ခ လျှော့ပေါ့ရန် ခက်ခဲစေကြောင်း၊ အမေရိကန် အနေနှင့် လက်ရှိ ဒေသတွင်း အခြေအနေတင်းမာမှုအပေါ် တာဝန်ယူသင့် ကြောင်း အလေးထားပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။