လွန်ခဲ့သည့် ၃၅နှစ်အတွင်း ဂျပန်ဆိုင်ရာ အမေရိကန်တပ်ဖွဲ့ဝင်များ၊ ၎င်းတို့၏ မိသားစုဝင်များနှင့်ပတ်သက်သော လိင်ပိုင်းဆိုင်ရာစော်ကားမှု ၁၆၆မှုရှိလာ

(GMT+08:00)2024-07-23 14:30:03  

ဂျပန်ရဲဌာနက ၁၉၈၉ခုနှစ်မှ ၂၀၂၄ခုနှစ် မေလအထိ ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန် တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏မိသားစုဝင်များသည် လိင်ပိုင်းဆိုင်ရာစော်ကားမှု ၁၆၆မှုကို ကျူးလွန်ခဲ့ကြောင်း ပြောကြားခဲ့သည်ဟု ဂျပန်မီဒီယာမှ ၂၂ရက်နေ့ထုတ်သတင်းအရ သိရပါသည်။

၂၀၂၃ခုနှစ် ဒီဇင်ဘာလ နှင့် ၂၀၂၄ခုနှစ် မေလတွင်  ဖြစ်ပွားခဲ့သော ဂျပန်ဆိုင်ရာ အမေရိကန်တပ်ဖွဲ့ဝင်များ၏ အိုကီနာဝါအမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာစော်ကားမှု နှစ်မှုကို ၂၀၂၄ခုနှစ် ဇွန်လ လကုန်ပိုင်းက ဂျပန်မီဒီယာမှ ထုတ်ဖော်ခဲ့သော်လည်း ယင်းမတိုင်ခင်က ဂျပန်အစိုးရသည် သက်ဆိုင်ရာသတင်းအချက်အလက်များကို မထုတ်ပြန်ဘဲ အိုကီနာဝါအစိုးရထံသို့ အချိန်မီ အကြောင်းကြားခြင်း မပြုလုပ်ခဲ့သောကြောင့် ပြည်သူများ၏ မကျေမနပ်မှုများကို ဖြစ်ပေါ်စေခဲ့ပါသည်။