အဋ္ဌမ အကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ ဖွင့်လှစ်

(GMT+08:00)2024-07-23 15:20:52  

 ၆ရက်ကြာ ကျင်းပမည့် အဋ္ဌမ အကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ယခုလ ၂၃ရက်နေ့တွင် ယူနန်ပြည်နယ် ကူမင်းမြို့၌ ဖွင့်လှစ်ခဲ့ကြောင်း၊ နိုင်ငံ၊ ဒေသနှင့် နိုင်ငံတကာ အဖွဲ့အစည်း ၈၂ခုနှင့် လုပ်ငန်း ကုမ္ပဏီ ၂ထောင်ကျော်သည် ယခုအကြိမ် ကုန်စည်ပြပွဲကို ပါဝင်ပြသကြကြောင်း၊ ယင်း လုပ်ငန်းကုမ္ပဏီများ အနက် တစ်ဝက်ခန့်သည် တောင်အာရှနှင့် အရှေ့တောင် အာရှ နိုင်ငံ အားလုံး အပါအဝင် နိုင်ငံခြား ကုမ္ပဏီများ ဖြစ်ကြကြောင်း သတင်းအရ သိရပါသည်။