ပါလက်စတိုင်းမှအဖွဲ့အသီးသီးတို့အကြား ပြည်တွင်းပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲ ကို ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ တရုတ်နိုင်ငံ ဘေကျင်းမြို့တွင် ကျင်းပခဲ့ ပါသည်။ ဆွေးနွေးပွဲပိတ်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၃ ရက်နေ့တွင် ကျင်းပခဲ့ရာ ပါလက်စတိုင်းအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များသည် ကွဲပြားမှုကို အဆုံးသတ်ပြီး ပါလက်စတိုင်းစည်းလုံးညီညွတ်မှုကို မြှင့်တင်ရန် ဘေကျင်းကြေညာစာတမ်းကို လက်မှတ် ရေးထိုးခဲ့ကြပါသည်။









