တရုတ်နိုင်ငံသည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံ အဖြစ် သက်ဆိုင်ရာ လုပ်ငန်းများကို ဘက်စုံ စတင် ဆောင်ရွက်ပြီ

(GMT+08:00)2024-07-23 11:07:19  

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ယခုနှစ် ဇူလိုင်လတွင် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အာစတာနာ ထိပ်သီး အစည်းအဝေး အပြီး တရုတ်နိုင်ငံသည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ၂၀၂၄-၂၀၂၅ ခုနှစ် အလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံ အဖြစ် တရားဝင် ထမ်းဆောင်ခဲ့ပြီး လုပ်ထုံးလုပ်နည်းအတိုင်း ၂၀၂၅ ခုနှစ်တွင် ထိပ်သီးအစည်းအဝေးကို ဦးစီးကျင်းပမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဥက္ကဋ္ဌနိုင်ငံအဖြစ် သက်ဆိုင်ရာ လုပ်ငန်းများကို ဘက်စုံ စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ဇူလိုင်လ ၂၂ ရက်နေ့က ကျင်းပသည့် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

မော်နင်က လာမည့် တစ်နှစ်အတွင်း တရုတ်နိုင်ငံသည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်များနှင့် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုး အားဖြည့်သွားမည် ဖြစ်ပြီး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ဒေသတွင်း လုံခြုံရေး ကာကွယ်မှု၊ ပူးပေါင်းဆောင်ရွက်ရေး နှင့် ချစ်ကြည်ရေး ပေါင်းကူးတံတားနှင့် အပြုသဘောဆောင်သော အင်အား အဖြစ် အရေးကြီး အကျိုးပြုစွမ်းဆောင်မှုများကို အပြည့်အဝ ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။