“ဘေကျင်း ကြေညာချက်”သည် ပါလက်စတိုင်း ပြည်သူများ အတွက် အဖိုးတန်သော မျှော်လင့်ချက်ကို ဆောင်ကြဉ်းလာသည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနဆို

(GMT+08:00)2024-07-23 20:22:33  

ယခုလ ၂၃ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပုံမှန် သတင်းစာ ရှင်းလင်းပွဲကို ကြီးမှူးကျင်းပရာတွင် ပါလက်စတိုင်း ပါတီ ၁၄ခုသည် ပထမဆုံး အကြိမ် အဖြစ် ဘေကျင်းသို့ လာရောက်ပြီး ပြည်တွင်းပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲကို ကျင်းပကာ “ဘေကျင်းကြေညာချက်”ကို လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ ကြကြောင်း၊ ယင်းသည် ဒုက္ခခံရသည့် ပါလက်စတိုင်း ပြည်သူများ အတွက် အဖိုးတန်သော မျှော်လင့်ချက်ကို ဆောင်ကြဉ်းလာကြောင်း ပြောကြားခဲ့ပါသည်။