ရှီကျင့်ဖိန်သည် " ပြုပြင်ပြောင်းလဲရေးကို တစ်ဆင့်တိုး ဘက်စုံ ဇောက်ချ ပြုလုပ်ရေးနှင့် တရုတ် အသွင်ပုံစံ ခေတ်မီရေးကို တွန်းအားပေးရေးဆိုင်ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ၏ ဆုံးဖြတ်ချက်"ဆိုင်ရာ ရှင်းလင်းဖော်ပြ

(GMT+08:00)2024-07-22 15:26:43  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့မှ တာဝန်ပေးအပ်မှုအရ ရှီကျင့်ဖိန်သည် " ပြုပြင်ပြောင်းလဲရေးကို တစ်ဆင့်တိုး ဘက်စုံ ဇောက်ချ ပြုလုပ်ရေးနှင့် တရုတ် အသွင်ပုံစံ ခေတ်မီရေးကို တွန်းအားပေးရေးဆိုင်ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ၏ ဆုံးဖြတ်ချက်"မူကြမ်းရေးဆွဲခြင်းဆိုင်ရာ  မျက်နှာစုံညီအစည်းအဝေး အား ရှင်းလင်းဖော်ပြခဲ့ပါသည်။

ပထမ- ယင်းသည် ပြည်သူများ၏ စိတ်ဆန္ဒနှင့် အင်အားစုစည်းရန်၊ ခေတ်သစ်နှင့် ခရီးသစ်တွင် ပါတီ၏ အဓိက ရည်မှန်းချက်များ အကောင်အထည်ဖော်ရန် အရေးကြီး လိုအပ်ချက်ဖြစ်ပါသည်။

ဒုတိယ- ယင်းသည် တရုတ်ဝိသေသထူးခြားချက်ပါရှိသည့် ဆိုရှယ်လစ်စနစ်ကို ပြီးပြည့်စုံစေပြီး ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်၏ စီမံအုပ်ချုပ်မှုစနစ်နှင့် အုပ်ချုပ်မှု စွမ်းရည်များ ခေတ်မီစေရေး  တွန်းအားပေးရန် အရေးကြီးလိုအပ်ချက်ဖြစ်ပါသည်။

တတိယ-ယင်းသည် အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန်နှင့် တရုတ် လူ့အဖွဲ့အစည်းများ၏ အဓိက ကွဲလွဲမှု ဆိုင်ရာ အပြောင်းအလဲကို ပိုမိုကောင်းမွန်စွာ လိုက်လျောညီထွေစေရန် အရေးကြီးလိုအပ်ချက်ဖြစ်ပါသည်။

စတုတ္ထ- ယင်းသည် ကြီးမားသော စွန့်စားမှုနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန်နှင့် ပါတီနှင့် တိုင်းပြည်၏ အရေးတော်ပုံများ တည်ငြိမ်ရေးနှင့် ရေရှည်ဖွံ့ဖြိုးရေး တွန်းအားပေး ရန် အရေးကြီး လိုအပ်ချက် တို့ဖြစ်ပါသည်။