ဇူလိုင်လ ၂၀ရက်နေ့ညက ပြင်သစ်နိုင်ငံ “တနင်္ဂနွေဂျာနယ်”ဝက်ဘ်ဆိုက်တွင် ပြင်သစ်နိုင်ငံပြည်ထဲရေးဝန်ကြီး Darmanin၏ သီးသန့်အင်တာဗျူးကို ထုတ်ပြန်ခဲ့ရာ ၎င်းက ယခုအထိ ပဲရစ်အိုလံပစ်အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားအား လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု မတွေ့ရှိကြောင်း၊ ဖွင့်ပွဲအခမ်းအနားကို အစီအစဉ်အတိုင်း Seine မြစ် ပေါ်တွင် ကျင်းပမည်ဖြစ်ကြောင်း၊ ပြင်သစ် အစိုးရသည် အိုလံပစ် အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား၏ လုံခြုံရေးကို ထိန်းသိမ်း စောင့်ရှောက်ရန် လုံခြုံရေး ၄သောင်း ၅ထောင်ချထားမည်ဖြစ်ပြီး အရေးပေါ်အစီအစဉ်လည်း ပြင်ဆင်ထားကြောင်း ပြောကြားခဲ့ပါသည်။
ပဲရစ်အိုလံပစ်အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတွင် လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှု မတွေ့ရှိကြောင်း ပြင်သစ်ပြည်ထဲရေးဝန်ကြီးကဆို
(GMT+08:00)2024-07-22 15:27:41