လာအို-ထိုင်း နိုင်ငံဖြတ်ကျော် ရထားလမ်း ခရီးသည်တင်ရထား တရားဝင် ပြေးဆွဲ

(GMT+08:00)2024-07-22 15:27:20  

ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံကို ဆက်သွယ်ထားသည့် နိုင်ငံဖြတ်ကျော် ရထားလမ်း ခရီးသည်တင်ရထားသည် ယခုလ ၁၉ ရက်နေ့က စတင် တရားဝင်ပြေးဆွဲခဲ့ပါသည်။ ယင်းသည် နှစ်နိုင်ငံအကြား ရထားလမ်းဆက်သွယ်မှုကို ကောင်းမွန်စေပြီး၊ တရုတ်-လာအို-ထိုင်း ရထားလမ်းများအပြန်အလှန်ဆက်သွယ်မှုအား အထောက်အကူပြုကာ၊ နိုင်ငံဖြတ်ကျော် ကုန်သွယ်မှုနှင့် ခရီးသွားပူးပေါင်းဆောင်ရွက်မှုများအား တွန်းအားပေးမည် ဖြစ်ပါသည်။ ယခုလ ၂၀ ရက်နေ့ နံနက်ပိုင်းက ထိုင်း-လာအို နိုင်ငံဖြတ်ကျော်ရထားလမ်း ခရီးသည်တင် ရထားမှ ပထမအသုတ်ခရီးသည်များအတွက် ကြိုဆိုခြင်းအခမ်းအနားကို လာအိုနိုင်ငံ Kamsavat မီးရထားဘူတာရုံ၌ ကျင်းပခဲ့သည်ဟု သတင်းအရသိရပါသည်။