တရုတ် ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းပြမြေပုံသစ်သည် တံခါးဖွင့်မှု ဆိုင်ရာ အကျိုးအမြတ်သစ်များကို ဖော်ဆောင်ပေးမည်

(GMT+08:00)2024-07-22 10:27:56  

        တရုတ် ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ဗဟို ကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေးမှ  စိစစ် အတည်ပြုခဲ့သော “ပြုပြင်ပြောင်းလဲမှု ကို တစ်ဆင့်တိုး ဘက်စုံ နက်ရှိုင်းစေပြီး တရုတ် အသွင်ပုံစံ ခေတ်မီမှု တွန်းအားပေးရေး ဆိုင်ရာ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်”ကို  ယခုလ ၂၁ရက်နေ့က ထုတ်ပြန်ခဲ့ ပါသည်။ ယင်းဆုံးဖြတ်ချက်တွင် နိုင်ငံခြားသို့ တံခါးဖွင့်မှုနှင့် ပတ်သက်၍ သီးခြား စီစဉ်ပေးမှုများ ပြုလုပ်ပြီး နိုင်ငံခြားသို့ တံခါးဖွင့်မှု ဖြစ်သည့် အခြေခံ နိုင်ငံတော် မူဝါဒကို စွဲကိုင်ရမည် ဖြစ်ကြောင်း၊  တံခါးဖွင့်မှုဖြင့် ပြုပြင်ပြောင်းလဲမှုကို တိုးမြှင့်ပြီး အဆင့်ပိုမိုမြင့်မား သော တံခါးဖွင့်မှု ရှိသည့် စီးပွားရေး စနစ်သစ်ကို တည်ဆောက်ရန်လည်း စွဲကိုင်ရမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ယင်းသည် တရုတ် နိုင်ငံ အနေနှင့် နိုင်ငံခြားသို့ တံခါးဖွင့်မှု တိုးချဲ့ဆောင်ရွက်မည့် ရှင်းလင်းပြတ်သားသော အချက်ပြလိုက်ခြင်း ဖြစ်ကြောင်း၊ တရုတ် ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းပြမြေပုံသစ်သည် ကမ္ဘာ အတွက် ပိုမိုများပြားသော တံခါးဖွင့်မှု ဆိုင်ရာ အကျိုးအမြတ်သစ်များကို ဖော်ဆောင်ပေးမည် ဖြစ်ကြောင်း အကဲခတ် ပုဂ္ဂိုလ်များက ယူဆကြပါသည်။

        တံခါးဖွင့်မှုသည် တရုတ် အသွင်ပုံစံ ခေတ်မီရေး အတွက် ထင်ရှားသော အထင်ကရ ဖြစ်ပါသည်။ ယခုအကြိမ် အစည်းအဝေးတွင် အလွန်ကြီးမားသော ဈေးကွက် အားသာချက်ကို အမှီသဟဲပြုပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ပြုလုပ်ရာတွင် တံခါးဖွင့်မှု ဆောင်ရွက်နိုင်စွမ်းကို မြှင့်တင်မည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။ တရုတ် နိုင်ငံသည် ကမ္ဘာအား တံခါးကို ပိုမိုဖွင့်လှစ်ပေးပြီး တရုတ် ဈေးကွက်ကြီးကို တစ်ကမ္ဘာလုံးက အတူတကွ မျှဝေနိုင်ကြသော ဈေးကွက်ကြီး ဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်နေပါသည်။ နိုင်ငံတကာ လုပ်ငန်း ကုမ္ပဏီများစွာသည် ယင်းအပေါ် မျှော်လင့်ချက် အပြည့်အဝ ထားရှိနေပါသည်။

        နိုင်ငံခြားသို့ တံခါးဖွင့်မှု တိုးချဲ့ဆောင်ရွက်ရာတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို တရုတ်နိုင်ငံသို့ ဝင်ရောက်ဖို့ ဆွဲဆောင်ရန် လိုအပ်သည့် အပြင်၊ တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်ငန်း ကုမ္ပဏီများ ပြည်ပသို့ သွားရောက်လုပ်ကိုင်ရန်လည်း လိုအပ်သည်။ လက်ရှိတွင် စွမ်းအင်သစ်သုံး မော်တော်ယာဉ်၊ လီသီယမ် ဘက်ထရီနှင့် photovoltaic ကုန်ပစ္စည်း ကိုယ်စားပြုသော တရုတ်ထုတ်ကုန်ပစ္စည်းသစ်များသည် နိုင်ငံခြား ဈေးကွက်များတွင် ရောင်းအားကောင်းပြီး ဒေသခံ စီးပွားရေး ဖွဲ့စည်းပုံ ကူးပြောင်းခြင်းနှင့် အဆင့်တိုးမြင့်ခြင်းကို တွန်းအားပေးနေသည်။ တရုတ် နိုင်ငံမှ ကမကထပြုခဲ့သော Belt and Road အတူ တည်ဆောက်ရေး အဆိုပြုချက်သည် ကမ္ဘာအား အပြောင်းလဲကြီး ပြောင်းလဲလာစေသည်။ လွန်ခဲ့သည့် ၁၀နှစ်ကျော် အတွင်း ယင်းအဆိုပြုချက်သည် တစ်ကမ္ဘာလုံးရှိ နိုင်ငံ ၄ပုံ၃ပုံကျော်နှင့် နိုင်ငံတကာ အဖွဲ့အစည်း ၃၀ကျော်ကို ပါဝင်ဆောင်ရွက်ရန် ဆွဲဆောင်ပြီး

ကန်ဒေါ်လာ ၁ထရီယံနီးပါး တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုများကို ဖော်ဆောင်ပေးနိုင်ခဲ့သည်။  “ပြုပြင် ပြောင်းလဲမှု ကို တစ်ဆင့်တိုး ဘက်စုံ နက်ရှိုင်းစေပြီး တရုတ် အသွင်ပုံစံ ခေတ်မီမှု တွန်းအားပေးရေး ဆိုင်ရာ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်”တွင် Belt and Road အရည်အသွေးမြင့် အတူ တည်ဆောက်ရေး စနစ်ကို ပြီးပြည့်စုံမြှင့်တင်စေပြီး အဓိက အထင်ကရ စီမံကိန်းများနှင့် ပြည်သူတို့၏ စားဝတ်နေရေးနှင့် ပတ်သက်၍ ပမာဏ သေးငယ်သော်လည်း ထိရောက်မှုများစွာ ရှိသော စီမံကိန်းများကို ထည့်သွင်းစဉ်းစားပြီး ဘက်ပေါင်းစုံကနေ စီမံခန့်ခွဲ ဖော်ဆောင်ပေးရန် တင်ပြခဲ့ပါသည်။ ယင်းသည် ကမ္ဘာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တွန်းအားသစ်များကို ဖော်ဆောင်ပေးပြီး နိုင်ငံ အသီးသီးမှ ပြည်သူများ အတွက် ပိုမိုများပြားသော ချမ်းသာသုခများကို ဆောင်ကြဉ်းလာလိမ့်မည် ဖြစ်သည်။