တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံမှ မဟာဗျူဟာ အစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရန်အတွက် အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယ အကြိမ် မျက်နာစုံညီ အစည်းအဝေးတွင် ပြုပြင်ပြောင်းလဲမှုကို တစ်ဆင့်တိုး ဘက်စုံဇောက်ချပြုလုပ်ရေးနှင့် တရုတ်အသွင်ပုံစံ ခေတ်မီရေးကို တွန်းအားပေးရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပါသည်။ ယင်းဆုံးဖြတ်ချက်တွင်
၁။ ပြုပြင်ပြောင်းလဲမှုကို တစ်ဆင့်တိုး ဘက်စုံဇောက်ချပြုလုပ်ရေးနှင့် တရုတ်အသွင်ပုံစံ ခေတ်မီရေးကို တွန်းအားပေးရေး၏ အရေးကြီး အဓိပ္ပာယ်နှင့် အထွေထွေ လိုအပ်ချက်များ၊
၂။ အရည်အချင်းမြင့် ဆိုရှယ်လစ် ဈေးကွက်စီးပွားစနစ်ကို ဖွဲ့စည်းတည်ထောင်ခြင်း၊
၃။ စီးပွားရေး အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေး စည်းစနစ်များ ပိုမို ပြည့်စုံ ကောင်းမွန်လာအောင် တွန်းအားပေးခြင်း၊
၄။ ဘက်စုံ ဆန်းသစ်တီထွင်မှု စည်းစနစ်များကို ဖွဲ့စည်းတည်ထောင်ခြင်းနှင့် ထောက်ခံခြင်း
၅။ မက်ခရို စီးပွားရေး စီမံခန့်ခွဲရေး စည်းစနစ်ကို ပိုမို ပြည့်စုံကောင်းမွန်စေခြင်း၊
၆။ မြို့ပြနှင့် ကျေးလက်ဒေသ ပေါင်းစပ် ဖွံ့ဖြိုးတိုးတက်ရေး စည်းစနစ်များကို ပိုမို ပြည့်စုံ ကောင်းမွန်စေခြင်း၊
၇။ အရည်အချင်းမြင့် တံခါးဖွင့်ရေး စည်းစနစ်မျာကို ပိုမို ပြည့်စုံ ကောင်းမွန်စေခြင်း၊
၈။ဖြစ်စဉ်တစ်ရပ်လုံး ဖြစ်သည့် ပြည်သူ့ဒီမိုကရေစီ စည်းစနစ်ကို ပိုမို ပြည့်စုံ ကောင်းမွန်စေခြင်း။
၉။ တရုတ်ထူးခြားချက် ဝိသေသပါရှိသော ဆိုရှယ်လစ် ဥပဒေစိုးမိုးရေး စည်းစနစ်ကို ပိုမို ပြည့်စုံကောင်းမွန်စေခြင်း၊
၁၀။ ယဉ်ကျေးမှုစည်းစနစ်များ ပြုပြင်ပြောင်းလဲမှုကို ဇောက်ချ ပြုလုပ်ခြင်း၊
၁၁။ ပြည်သူလူထု နေထိုင်မှုဘဝ အာမခံပေးရေးနှင့် တိုးတက်ကောင်းမွန်ရေးဆိုင်ရာ စည်းစနစ်များကို ပိုမို ပြည့်စုံကောင်းမွန်စေခြင်း၊
၁၂။ ဂေဟစနစ် ယဉ်ကျေးမှု စည်းစနစ် ပြုပြင်ပြောင်းလဲမှုကို ဇောက်ချပြုလုပ်ခြင်း၊
၁၃။ နိုင်ငံတော် လုံခြုံရေးစည်းစနစ်နှင့်စွမ်းရည် ခေတ်မီရေးတို့ကို တွန်းအားပေးခြင်း၊
၁၄။ နိုင်ငံတော် ကာကွယ်ရေးနှင့် တပ်မတော် ပြုပြင်ပြောင်းလဲရေးကို ဆက်တိုက် ဇောက်ချ ပြုလုပ်ခြင်း၊
၁၅။ ပြုပြင်ပြောင်းလဲမှုကို တစ်ဆင့်တိုး ဇောက်ချပြုလုပ်ရေးနှင့် တရုတ်အသွင်ပုံစံ ခေတ်မီရေးကို တွန်းအားပေးရေးဆိုင်ရာ ပါတီ၏ ဦးဆောင်မှု အရည်အချင်းကို တိုးမြှင့်ခြင်းတို့ ပါဝင်ပါသည်။