အမေရိကန် သမ္မတ ဘိုင်ဒန်သည် ၂၀၂၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲမှ နုတ်ထွက်ကြောင်း ကြေညာ

(GMT+08:00)2024-07-22 10:56:44  

  ဒေသစံတော်ချိန် ဇူလိုင်လ ၂၁ ရက်နေ့က အမေရိကန် သမ္မတ ဘိုင်ဒန်သည် ၂၀၂၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။ ယင်းနေ့တွင် ၎င်း၏ ဆိုရှယ်မီဒီယာ၌ ထုတ်ပြန်သော စာတစ်စောင်တွင် ဘိုင်ဒန်က မိမိသည် သမ္မတ အဖြစ် ဆက်လက် ထမ်းဆောင်နိုင်ရန် မူလက ကြံစည်ခဲ့သော်လည်း ဒီမိုကရက်တစ်ပါတီနှင့် အမေရိကန်၏ အကောင်းဆုံးသော အကျိုးစီးပွားအတွက် သမ္မတ ရွေးကောက်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်ခြင်း ဖြစ်ပြီး မိမိ၏ သမ္မတ တာဝန်သက်တမ်းအတွင်း တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်သွားမည် ဖြစ်ကြောင်း၊ မိမိ၏ ဆုံးဖြတ်ချက်ကို ယခု သီတင်းပတ်  နှောင်းပိုင်းတွင် တစ်ပြည်လုံးအား သေချာ ရှင်းလင်းပြောကြားမည် ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။