အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားသည် ကမ္ဘာ အတွက် မည်သည့် အရာများကို ဆောင်ကြဉ်း လာနိုင်မည်နည်း

(GMT+08:00)2024-07-21 12:15:00  

လက်ရှိတွင် “အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား”သည် တရုတ် စီးပွားရေး နယ်ပယ် တွင် ရေပန်းစားသည့် စကားလုံး ဖြစ်လာပါသည်။ မကြာခင်က ကျင်းပခဲ့သော တရုတ် ကွန်မြူနစ် ပါတီ အကြိမ် ၂၀မြောက် ဗဟို ကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်း အဝေးတွင် “ဒေသခံ ထူးခြားချက်ဝိသေသနှင့် လိုက်လျောညီထွေဖြစ်အောင် အရည် အသွေးသစ် ကုန်ထုတ်စွမ်းအား စနစ် ကောင်းမွန်ပြည့်စုံစေရေး”ကို ဖော်ပြခဲ့ပါသည်။ ယင်းသည် တရုတ် နိုင်ငံက သက်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို နက်ရှိုင်းစေရေးဖြင့် အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားကို ဖော်ဆောင်ရေးနှင့် ဖွံ့ဖြိုးကြီးထွားစေရေး အတွက် ပိုမို ကောင်းမွန်သော စည်းစနစ် ဆိုင်ရာ ပတ်ဝန်းကျင်ကို ဖန်တီးပေးပြီး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တရုတ် အသွင်ပုံစံ ခေတ်မီရေးကို အကောင်အထည် ဖော်ဆောင်ရေး အတွက် အားကောင်းသော တွန်းအားကို ဖော်ဆောင်ပေးမည်ဟု ပြဆိုနေကြောင်း အကဲခတ် ပုဂ္ဂိုလ်များက ယူဆကြပါသည်။

 လူသား သမိုင်းကြောင်းတွင် ကြုံတွေ့ခဲ့ရသော စက်မှုလုပ်ငန်း တော်လှန်ရေးနှင့်  သတင်း အချက်အလက် လုပ်ငန်း တော်လှန်ရေးတို့သည် တစ်ခေတ် ပြောင်းစေသော ကုန်ထုတ် စွမ်းအား ပြောင်းလဲမှုများကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် သိပ္ပံနည်းပညာ တိုးတက်ပြောင်းလဲမှုနှင့် ဆန်းသစ်တီထွင်မှုသည် နေ့တိုင်းဆိုသလို ဖြစ်ပေါ်လာပြီး ကမ္ဘာ့ စီးပွားရေး ဖွံဖြိုးတိုးတက်မှုသစ် အကောင်အထည် ဖော်ဆောင်ခြင်းသည် ကုန်ထုတ်စွမ်းအား သစ်၏ တွန်းအားပေးမှု အပေါ် မှီခိုအားထားရမည်မှာ မုချမလွဲ ဖြစ်သည်။

        ဗြိတိန် နိုင်ငံ လန်ဒန် စီးပွားရေးနှင့် ကုန်သွယ်ရေး မူဝါဒ အေဂျင်စီ ဒါရိုက်တာ ဟောင်း  John Rossက မကြာခင်က ရေးသားထုတ်ပြန်သည့် ဆောင်းပါးတွင် တရုတ် နိုင်ငံသည် အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားကို ဖွံ့ဖြိုးတိုးတက်စေရန် အရှိန်မြှင့် ဆောင်ရွက်လာသည်နှင့်အမျှ တရုတ်ထုတ်ကုန်ပစ္စည်းများသည် တစ်ကမ္ဘာလုံး စက်မှု လုပ်ငန်း ကွင်းဆက်နှင့် ထောက်ပံ့ရေး ကွင်းဆက်တွင် ပိုမို ကောင်းမွန်စွာ ပေါင်းစည်း ထည့်သွင်းမည် ဖြစ်ပြီး တရုတ် နိုင်ငံနှင့် အခြားနိုင်ငံများ အကြားရှိ စီးပွားရေး ဆက်ဆံမှု သည်လည်း တစ်ဆင့်တိုး နက်ရှိုင်းလာမည် ဖြစ်ကြောင်း၊ ယင်းသည် တရုတ် နိုင်ငံ၏ ဆန်းသစ်တီထွင် နိုင်စွမ်းကို တိုးမြှင့်ပြီး စီးပွားရေး အရည်အသွေးနှင့် အဆင့်အတန်း မြှင့်တင် မှုကို အထောက်အကူပြုမည့် အပြင်၊ ကမ္ဘာ့ စီးပွားရေး နာလန်ပြန်ထူရေး အတွက် တွန်းအား ပေးမှုသစ်ကို ဖော်ဆောင်ပေးမည် ဖြစ်ကြောင်း ဖော်ပြပါသည်။ နိုင်ငံတကာ ကုမ္ပဏီကြီးများ အတွက် အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားသည် အလွန်ကြီးမားသည့် ဈေးကွက် အခွင့်အလမ်းပင် ဖြစ်ပါသည်။

        တရုတ် နိုင်ငံသည် ဘက်စုံ ပြုပြင်ပြောင်းလဲမှုကို တစ်ဆင့်တိုး နက်ရှိုင်းစွာ ဆောင်ရွက် လာသည်နှင့် အမျှ အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားသည် အရည်အသွေးမြင့် ဖွံ့ဖြိုး တိုးတက်ရေးနှင့် တရုတ် အသွင်ပုံစံ ခေတ်မီရေး တည်ဆောက်မှုကို တွန်းအားပေးပြီး ကမ္ဘာ့ စီးပွားရေး အတွက် ရှင်သန်မှုသစ်ကို ဖော်ဆောင်ပေးမည် ဖြစ်သည်။