မလေးရှားနိုင်ငံ၏ ၁၇ ဆက်မြောက် နိုင်ငံတော် ခေါင်းဆောင် တရားဝင်နန်းတက် ပွဲ ကျင်းပ

(GMT+08:00)2024-07-21 12:19:39  

မလေးရှားနိုင်ငံ၏ ၁၇ ဆက်မြောက် နိုင်ငံ့ခေါင်းဆောင် အီဘရာဟင်သည် ကွာလာလမ်ပူ မြို့တော်ရှိ အမျိုးသား ဘုရင့်နန်းတော်၌ ဇူလိုင်လ ၂၀ ရက်နေ့က တရားဝင်နန်းတက်ခဲ့ပါသည်။ အီဘရာဟင် က နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် သာယာဝပြောရေးတို့ကို ကာကွယ် စောင့်ရှောက်ရမည့် တာဝန်များကို စိတ်ရင်းမှန်ဖြင့် တရားမျှတစွာ ထမ်းဆောင်သွားမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ပြည်သူများ၏ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပြီး တိုင်းပြည်ကို ပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောလာစေရေးအတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု မျှော်လင့်ကြောင်း နန်းတက် အခမ်းအနား တွင် ပြောကြားခဲ့ပါသည်။