ပါလက်စတိုင်းပိုင်နက်နယ်မြေကို အစ္စရေးမှ တရားမဝင်သိမ်းပိုက်သည်ဟု နိုင်ငံတကာ တရားရုံးမှ အတည်ပြုချက်ကို ဥရောပသမဂ္ဂ ထောက်ခံ

(GMT+08:00)2024-07-21 15:51:41  

အရှေ့ဂျေရုဆလင်အပါအဝင် ပါလက်စတိုင်း၏သိမ်းပိုက်မှုခံထားရသော ပိုင်နက် နယ်မြေ ပေါ်တွင် အစ္စရေး၏ ပေါ်လစီနှင့်လုပ်ထုံးလုပ်နည်းများကြောင့် ဖြစ်လာသော ဥပဒေဆိုင်ရာအကျိုးဆက်များနှင့်ပတ်သက်၍ မကြာသေးမီက နိုင်ငံတကာတရားရုံးမှ အကြံပေးချက်များသည် ဥရောပသမဂ္ဂ၏ရပ်တည်ချက်နှင့် အခြေခံ အားဖြင့် ကိုက်ညီကြောင်း ဒေသ စံတော်ချိန် ဇူလိုင်လ ၂၀ရက်နေ့က ဥရောပသမဂ္ဂသည် ကြေညာချက်ကို ထုတ်ပြန်ခဲ့ ပါသည်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏တောင်းဆိုချက်အရ ကုလသမဂ္ဂ နိုင်ငံတကာ တရားရုံးသည် ဇူလိုင်လ ၁၉ရက်နေ့က အကြံပေးချက်ကို ထုတ်ပြန်ခဲ့ရာတွင်၊ ပါလက်စတိုင်း၏ပိုင်နက်နယ်မြေကို အစ္စရေးမှ သိမ်းပိုက်ခြင်းသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်သောကြောင့် ၎င်း၏ တရား မဝင်သိမ်းပိုက်မှုကို အမြန်ဆုံး အဆုံးသတ်ရကြောင်း၊ ပါလက်စတိုင်း၏ သိမ်းပိုက်ခံထား ရသော ပိုင်နက်နယ်မြေပေါ်တွင် အစ္စရေးမှ အခြေစိုက်စခန်း တည်ဆောက်မှုသည်လည်း နိုင်ငံတကာဥပဒေကို ချိုးဖောက်သောကြောင့် သက်ဆိုင်ရာလှုပ်ရှားမှုမှန်သမျှကို ချက်ချင်း ရပ်စဲပြီး အခြေစိုက်နေထိုင်သူများ ချက်ချင်းရွှေ့ပြောင်းရကြောင်း၊ အစ္စရေးသည် ပါလက်စတိုင်း၏ သိမ်းပိုက်ခံထားရသော ပိုင်နက်နယ်မြေပေါ်ရှိ ပုဂ္ဂိုလ်မှန်သမျှ၏ နစ်နာဆုံးရှုံးမှုများကို လျော်ကြေးပေးရကြောင်း ဖော်ပြသည်ဟု သတင်းအရ သိရပါသည်။